ဂရင်းလန်းသားတွေ ထရမ့်ကို ဆန္ဒပြနေကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂရင်းလန်းသားတွေ ထရမ့်ကို ဆန္ဒပြနေကြပြီ


ဇန်နဝါရီ - ၁၈ ( တနင်္ဂနွေနေ့ ) 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိန်းမတ်နယ်မြေဖြစ်တဲ့ ဂရင်းလန်းကျွန်းကို သိမ်းပြီး အမေရိကန်ပြည်ထောင်စုရဲ့ ၅၁ ပြည်နယ်မြောက်အဖြစ်သွင်းမယ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဂရင်းလန်းမြို့တော် နျူရက်မှာ မနေ့က ထောင်နဲ့ချီတဲ့လူတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ ဆန္ဒပြပွဲတွေကိုလည်း ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်မှာလည်း ပြုလုပ်ခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် လုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို သိမ်းယူဖို့လိုကြောင်းနဲ့ သိပ်ပြီးမလွယ်ကူဘဲ ခက်ခဲတဲ့ လမ်းကိုလျှောက်ရမယ်လို့ ပြောခဲ့ပါတယ်။ နျူရက်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးဆီသို ချီတက်ဆန္ဒပြသူ ထောင်နှင့်ချီသော စစ်ကြောင်းကြီးတစ်ခုကို အွန်လိုင်းပေါ်က ဗီဒီယိုတစ်ခုတွင်တွေ့ရပြီး ဆန္ဒပြသူများက ဂရင်းလန်ဒစ်အလံများ ကိုင်ဆောင်ကာ “ဂရင်းလန်းသည် ရောင်းရန်မဟုတ်” နဲ့ “ကျွန်ုပ်တိုသည် အမေရိကန်များ မဖြစ်ချင်” ဟူသော စာတန်းများ ကိုင်ဆောင်ထားတာကိုလည်းတွေ့ရပါတယ်။ ဆန္ဒပြသူအချိုက အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အသုံးပြုသည့် ဒေသဆိုင်ရာ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ အကတစ်မျိုးဖြင့် ကပြခဲ့ကြပါတယ်။ 

ဂရင်းလန်းကျွန်းမှာ နေထိုင်သူဦးရေက ၂ သောင်းလောက်ပဲ ရှိရာ အဲ့ဒိထဲကလူ ၄ ထောင်က ဆန္ဒပြခဲ့တယ်လို့ ဒေသခံအာဏါပိုင်တွေက ပြောပါတယ်။ အဲ့ဒိအထဲမှာ ဂရင်းလန်း ဝန်ကြီးချုပ် ဂျန်စ် ဖရက်ဒရစ်နယ်လ်ဆင် ပါဝင်ပြီး သူက “ကျွန်ုပ်တို့၏ အနာဂတ်ကို ကျွန်ုပ်တိုကိုယ်တိုင် ပုံသွင်းမယ်” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။ 

အလားတူ လူထုစုဝေးပွဲကို ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်တွင် ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူတွေက ဂရင်းလန်းက ဂရင်းလနးသားတွေအတွက်ပဲ” လို့ ဟစ်ကြွေးခဲ့ကြပါတယ်။ "ဂရင်းလန်းသားတွေ လက်ခံပေးတဲ့အတွက် ငါတိုအရမ်းကျေးဇူးတင်ပါတယ်... အားလုံးနိုးထရမယ်" လို့ ဒိန်းမတ်ရှိ ဂရင်းလန်းသားတွေကို ကိုယ်စားပြုအဖွဲ့အစည်းဖြစ်တဲ့ ယူအာဂတ် ဥက္ကဋ္ဌ က ပြောကြားခဲ့ပါသည်။ “ဂရင်းလန်းသား တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲမှာ ရှေ့တန်းကနေရှိနေပါတယ်”လို့ ဆိုပါတယ်။ 

အမေရိကကန်ကတော့ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံတို့အပေါ် စည်းကြပ်ခွန်များအား တိုးမြှင့်ကောက်ခံမယ်လို့ မနေ့က ကြေညာခဲ့ပြီး အဲ့ဒိ ကြေညာချက်က ဂရင်းလန်းအား အပြီးအစီး နဲ့ အားလုံးဝယ်ယူမှု မပြီးမချင်း ဆက်လက်ထားရှိသွားမယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)