Pages

Pages

အမရပူရမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၃ သန်းကျော် ဖမ်းဆီးရမိ





နေပြည်တော်၊ ဇန်နဝါရီ ၂၃

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် အမရပူရမြို့နယ်၊ မြစ်ငယ်မြို့အနီးတွင် ရဲရင့်အောင်(ခ)အားချစ် မောင်းနှင်လာသော MDY-20 4J-xxxx MITSUBISHI CANTER : : : ဖမ်းဆီးရမိပြီး ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၉ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ပြည့်ဖြိုးကျော်နှင့် သက်ထွန်းဇော်(ခ)စော်ကဲတို့ ၂ ဦးအား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်၊ ၆၂ လမ်းနှင့် ၁၄၁ လမ်းထောင့်၌ MDY-17 91-xxxx TOYOTA CROWN ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပြည့်ဖြိုးကျော် နေထိုင်သည့် ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၈ သိန်းအား ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၄ သိန်း (၎င်းဒေသတန်ဖိုး ငွေကျပ် ၄ ဒသမ ၅၆ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ခိုင်းသူများမှာ တောင်ကြီးမြို့ နယ်နေ စိုင်းဇော်လတ်(ဖမ်းဆီးရန်ကျန်)နှင့် မိတ္ထီလာမြို့နယ်နေ ဝေယံစိုး (ခ)မောင်ရှမ်း(ဖမ်းဆီးရန်ကျန်)တို့၏ အစီအမံဖြင့် ရမည်းသင်းမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment