မကွေး ၊ ဇန်နဝါရီ ၁၈
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်း လူရည်ချွန်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀)နာရီခွဲက အထက(ခွဲ) ကန်သာကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေဦးစွာ အထက(ခွဲ) ကန်သာကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြား၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လူငယ်ရေးရာ အသိပညာပေး ဟောပြောရာတွင် "ပညာတတ်ဖို့စာဖတ်ကြစို့" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် လူငယ်များ စာအုပ်စာပေဖတ်ရူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ဟောပြော၍ မြို့နယ်အားကစားနှင့်ကာကပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းအောင်က “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိက အထက(ခွဲ)ကန်သာကျောင်းအတွက် အားကစားလက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူငယ်အသိပညာပေး မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူး၊ ကလေးအလုပ်သမားပပျောက်ရေး အစရှိသည် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသော ဆရာ၊ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရူလေ့လာခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက Fitness Dance သရုပ်ပြသမှုနှင့်အတူ အားကစားဆိုင်ရာ ကာယလေ့ကျင့်ခန်းများကို အတူတကွ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment