ပခုက္ကူ ၊ ဇန်နဝါရီ ၁၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတပြည့်စုံစေရေး ကျောင်းသင်ခန်း စာများအပြင် ပြင်ပစာအုပ်၊ စာပေကောင်းများ ဖတ်ရှုလေ့လာတတ်ကြစေရန်၊ ဖတ်ရှုလေ့လာထားသော အသိပညာဗဟုသုတ များကို အချင်းချင်းကြား အပြန်အလှန်မျှဝေဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူပေးခြင်းဖြင့် စကားပြော စွမ်းရည်ကျွမ်းကျင်တတ်မြောက်လာစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်ခြင်းဖြင့် လူငယ်များအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပခုက္ကူတက္ကသိုလ် ပထဝီဝင်ဌာနမှ ပါမောက္ခ ဒေါက်တာ တင်မောင်လွင်နှင့် သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်အောင်လှတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ကြပြီး ဘူမိဗေဒ ဌာနမှ မဟာသိပ္ပံ(ဒုတိယနှစ်)ကျောင်းသား မောင်ကျော်ဆန်းလွင်၊ သင်္ချာဌာနမှ မဟာသိပ္ပံ(ဒုတိယနှစ်)ကျောင်းသူ မဖြူစင်သက်၊ သမိုင်းဌာနမှ ဂုဏ်ထူးတန်း(တတိယနှစ်)ကျောင်းသူ ဟန်နီဝင်းထွန်း၊ အင်္ဂလိပ်စာဌာနမှ ဂုဏ်ထူးတန်း (ဒုတိယနှစ်)ကျောင်းသား မောင်ကျော်ဆန်းလင်း၊ ရုက္ခဗေဒဌာနမှ ဂုဏ်ထူးတန်း (ဒုတိယနှစ်)ကျောင်းသူ မဇင်မာဝင်း၊ ဓာတုဗေဒဌာနမှ စတုတ္ထနှစ် ကျောင်းသား မောင်သူရဖြိုးလွင်၊ ရူပဗေဒဌာနမှ ပထမနှစ်ကျောင်းသား မင်းသန့်နိုင်တို့က “ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများဆိုင်ရာ အမျိုး သားအကျိုးစီးပွားများနှင့် ခိုင်မာသောပူးပေါင်းဆောင်ရွက်မှု ” ခေါင်းစဉ်ဖြင့် ကဏ္ဍ အလိုက်ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ သင်ကြား/စီမံဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၄၅၀)ဦးတက်ရောက်ကြပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment