ဒလမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒလမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိ





ဒလ၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာမဲရုံများတွင် ယနေ့နံနက် (၆)နာရီအချိန်က စတင်၍ မဲရုံများစတင်ဖွင့်လှစ်ခဲ့ပြီး မဲရုံများတွင် ဆန္ဒမဲပေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ်အတွင်း ရပ်ကွက် (၂၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၃) အုပ်စုတွင် တတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအရ မဲပေးပိုင်ခွင့်ရှိသူ (၉၅၆၇၆) ဦးရှိပြီး မဲရုံ (၈၈) ရုံရှိကြောင်း သိရသည်။

အဆိုပါရွေးကောက်ပွဲတွင် ပါတီ (၁၂) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၂) ဦး ပါဝင်ယှဥ်ပြိုင်ကြပြီး မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်သည့် ပါတီအားလွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိရာ မဲရုံများတွင်လည်း မဲရုံမှူးနှင့်အဖွဲ့ဝင်များက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုများနှင့်အညီ စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခင်စန္ဒာမြင့် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)