ဇန်နဝါရီ -၂၃ ( သောကြာနေ့ )
ဂါဇာစစ်ပွဲကြောင့် ဒေသတွင်း မတည်မငြိမ်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်အတွင်း စူးအက်တူးမြောင်းမှ တိုက်ရိုက် ဝင်ငွေ ကန်ဒေါ်လာ ၉ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း အီဂျစ်သမ္မတ အဘ်ဒယ်ဖာတာအယ်လ်စီစီ က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၂ ရာခိုင်နှုန်းလောက်ရှိတဲ့ အရေးပါတဲ့ ရေကြောင်းလမ်းကြောင်းဖြစ်တဲ့ စူးအက်တူးမြောင်း ဝင်ပေါက်ဝမှာရှိတဲ့ ယီမင်အခြေစိုက် ဟူသီသူပုန်များက ဘတ်အယ်လ်မန်ဒက်ရေလက်ကြားမှာ ပင်လယ်နီအတွင်းက စီးပွားဖြစ်သင်္ဘောများကို စတင်တိုက်ခိုက်တဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ကြီးမားသော အနှောင့်အယှက်များနှင့် ရင်ဆိုင်ခဲ့ရပါတယ်။
စီစီ က မြောက်အာဖရိကနိုင်ငံဖြစ်တဲ့ အီဂျစ် ရဲ့ “အဓိကရေလမ်း” ကို ထိခိုက်ခဲ့တဲ့ ဖြစ်ရပ်များအတွက် အီဂျစ်က “နေရင်းထိုင်ရင်းဆုံးရှုံးခဲ့ရ” ကြောင်း ဒါဗို့စ်မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကိုယ်စားလှယ်များအား ပြောကြားခဲ့ပါတယ်။ “ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း စူးအက်တူးမြောင်းက ဂါဇာ စစ်ပွဲရဲ့ သက်ရောက်မှုကြောင့် ကျနော်တို့ ရမယ့် ဒေါ်လာ ဘီလီယံနဲ့ချီ ဆုံးရှုးခဲ့ရပါတယ်” လို့ ပြောသွားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment