Pages

Pages

အီရန်နိုင်ငံက ဆူပူအုံကြွမှုတွေကို ထိန်းချုပ်နိုင်ပြီလို ခါမေနီ ဆို


ဇန်နဝါရီ - ၁၉ ( တနင်္လာနေ့)

အီရန်နိုင်ငံသည် နိုင်ငံအတွင်း ဖြစ်ပွားနေသော အကြမ်းဖက် ဆန္ဒပြမှုများကို တားဆီးနိုင်ခြင်းဖြင့် အမေရိကန်ကို အောင်နိုင်ခဲ့ကြောင်း အစ္စလာမ္မစ်သမ္မတနိုင်ငံ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက ပြောကြားခဲ့ပါတယ်။ 

ငွေကြေးဖောင်းပွမှုနှင့် အခြားစီးပွားရေးပြဿနာများကြောင့် အီရန်နိုင်ငံတစ်ဝှမ်း ဒီဇင်ဘာနှောင်းပိုင်းတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲဝင်များနှင့် အဓိကရုဏ်းများကြားတွင် လူပေါင်း ရာနှင့်ချီ သေဆုံးသွားခဲ့ပါတယ်။ 

ယခုသီတင်းပတ် အစောပိုင်းတွင် တီဟီရန်ရှိ အာဏာပိုင်များက နိုင်ငံ၏ အဓိကမြို့ကြီးများကို တည်ငြိမ် အေးချမ်းစွာဖြင့် အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ စနေနေ့က အိတ်စ်ဆိုရှယ်မီဒီယာမှာ  ဆက်တိုက်တင်ခဲ့တဲ့ ပိုစ်တွေမှာ ခါမေနီက အမေရိကန်နှင့် အစ္စရေးတိုက ဆူပူအုံကြွမှုများကို ထိန်းချုပ်နေကြောင်း၊ ဝါရှင်တန်ကို အဓိကတရားခံအဖြစ် စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

အမေရိကန်ကတော့ အီရန်ကဆန္ဒပြသမားတွေကို ကူညီဖိုအတွက် အရှေ့အလယ်ပိုင်းကို လေယာဉ်တင်သင်္ဘော တစ်စင်းထက်မက လွှတ်ခဲ့တယ်လို သတင်းများအရသိရပါတယ်။ သမ္မတ ထရမ့်ကလည်း အကူအညီတွေကို လွှတ်လိုက်ပြီလို့ အွန်လိုင်းပေါ်ကနေ အီရန်ဆန္ဒပြသမားတွေကို အားပေးခဲ့ပါတယ်။ 

ဒါပေမဲ့ အီရန်အစိုးရကို တိုက်ခိုက်ဖိုအတွက် ထရမ့်ရဲ့ဆုံးဖြတ်ချက်က ဖြစ်မလာသေးပါဘူး။ အမေရိကန်က အီရန်ဆူပူအုံကြွသူတွေကို မြှောက်ပေးလေ အီရန်နိုင်ငံအတွင်းမှာ အစိုးရရဲ့ ဖမ်းဆီးမှုတွေက ပိုမိုပြီး ပြုလုပ်လေ ဖြစ်ခဲ့ရပါတယ်။ 

“သူပုန်တွေရဲ့မီးကို ကျနော်တို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အဲဒါနဲ့ မလုံလောက်ပါဘူး။ ကျနော်တို့ဆီက ဆူပူအုံကြွမှုတွေကို အမေရိကန်က တာဝန်ခံပေးရမယ်” လို့ ခါမေနီက အခိုင်အမာ ပြောကြားခဲ့ပါတယ်။ တီဟီရန်ရှိ အာဏာပိုင်များက “နိုင်ငံကို စစ်ပွဲဆီသို့ ဦးတည်ရန် ကြံရွယ်ထားခြင်း မရှိပါ။ သို့သော်လည်း အီရန်ပြည်တွင်းရော ပြည်ပရော ရာဇ၀တ်ကောင်များကိုတော့ လက်လွှတ်လိုက်မှာမဟုတ်ဘူး”လို့ ပြောပါတယ်။ 

အီရန်နိုင်ငံကို တိုက်ခိုက်ဖို့ အမေရိကန်က ခြိမ်းခြောက်လိုက်တာနဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ် လို့ အီရန်အစိုးရက အိမ်နီးချင်းနိုင်ငံတွေကို သတိပေးထားတာတွေ ရှိပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment