အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နေမှုများအပေါ် လေးနက်စွာ ဂုဏ်ပြုထောက်ခံကြောင်း သဘောထား ကြေညာချက်
ရက်စွဲ ။ ။ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံကစွဲဆိုသောအမှုနှင့် ပတ်သက်၍ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဖြေရှင်းဆောင်ရွက်နေမှုများအပေါ် လေးနက်စွာ ဂုဏ်ပြုထောက်ခံပါသည်။
ဂမ်ဘီယာနိုင်ငံအနေဖြင့် ဘက်လိုက်သောအဖွဲ့အစည်းများထံမှ ရရှိသည့် အချက်အလက်များကို သက် သေအဖြစ် ဖန်တီးအသုံးပြု၍ စွပ်စွဲပြောဆိုနေမှုများသည် အမှန်တရားနှင့် ကင်းကွာနေသည်ကို အထင်အရှားတွေ့မြင်လာရပါသည်။
FFM, IIMM ကဲ့သို့သောအဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေမှန်များနှင့် ကင်းကွာ၍ ၎င်းတို့ရယူလိုသည့် အချက်အလက်များကို တစ်ဖက်သတ်ဖန်တီးရယူကာ အိုအိုင်စီအဖွဲ့အတွက် ဆောင်ရွက်ပေးခဲ့သည့်အဖွဲ့အစည်းများဖြစ်သဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံးက ၎င်းတို့ကို ကန့်ကွက်ရှုတ်ချခဲ့သည့် မှတ်တမ်းများအထင်အရှား ရှိပါသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ မှ အခြေပြု၍ ၂၀၁၆- ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပေါ်ခဲ့သော ပြဿနာအရင်းခံမှာ ဘင်္ဂလီများကို လူမျိုးရေး၊ ဘာသာရေးမှိုင်းသွင်းပြီး လူမျိုးလိမ်နာမည်တစ်ခုကို မြန်မာနိုင်ငံက အသိအမှတ်ပြုပေးရန် မရိုင်းဖြောင့်သော နည်းလမ်းဖြင့် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်များသာဖြစ်ကြောင်း ထင်ရှားနေပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် FFM, IIMM တို့သာမက ပြည်တွင်း မီဒီယာတချို့ကိုပါ မက်လောက်သော ငွေကြေးပေး၍ လူမျိုးလိမ်အမည်တစ်ခုကို အများပြည်သူကြား စိမ့်ဝင်ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ ICJ တရားရုံးတွင် ထိုလူမျိုးလိမ်နာမည်ကို တွင်တွင်သုံး၍ ပြောဆိုနေမှုများကို ကျွန်ုပ်တို့က ပြတ်သားစွာ ကန့်ကွက်သည်။
လူမျိုးလိမ်နာမည်ကို မသုံးစွဲရခြင်းအကြောင်းနှင့် ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် က တိကျပြတ်သားစွာ သမိုင်းအထောက်အထားဖြင့် ရှင်းပြခဲ့သည့်အတွက် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် လူမျိုးလိမ်ဖန်တီးသုံးစွဲမှုအပေါ် မှန်ကန်စွာ သိမြင်နားလည်ကြလိမ့်မည်ဟု မှတ်ယူသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များနှင့် တပ်မ တော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရသည့် အခြေအနေများ၊ ဒေသခံတိုင်းရင်းသားပြည်သူများအပေါ် လူမျိုးတုန်းသတ်ဖြတ်ရန်အထိ ရည်ရွယ်လုပ်ဆောင်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို မြန်မာဘက်မှ ရှေ့နေများက ကွက်ကွက်ကွင်းကွင်း သိမြင်အောင် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့်လည်း အထူးကျေးဇူးတင်ရှိပါသည်။
ဂမ်ဘီယာနိုင်ငံက အိုအိုင်စီအဖွဲ့ကိုယ်စား တရားလိုပြုလုပ်၍ တရားစွဲဆိုနေခြင်းမှာ လုပ်ပိုင်ခွင့်မရှိသော လုပ်ရပ်ဖြစ်သည့်အပြင် အမှန်တရားနှင့် ကင်းကွာနေသည့် အချက်အလက်များကို အထောက် အထားပြုကာ လူမျိုးတုန်း သတ်ဖြတ်ရန် ရည်ရွယ်သည်ဟူသော စွပ်စွဲချက်မှာ လုံးဝမှန်ကန်တိကျမှုမရှိကြောင်း ဦးကိုကိုလှိုင် ရှင်းလင်းပြောကြားခဲ့သည့် မိန့်ခွန်းတွင် အထင်အရှား သိမြင်စေပါသည်။ မြန်မာနိုင်ငံအစိုးရ (တပ်မတော်) အနေဖြင့် အဆိုပါဒေသတွင် နေထိုင်ခဲ့သည့် ဘင်္ဂလီများကို တဖက်နိုင်ငံသို့ မောင်းထုတ်ခြင်းမျိုးလည်းမရှိ၊ ဒေသခံများနှင့်အတူ နေထိုင်လျက်ရှိသည့် ဘင်္ဂလီများကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည့် သက်သေအထောက်များလည်း အခိုင်အမာ တွေ့မြင်ရပါသည်။ ဘင်္ဂလီများကို လူမျိုးလိမ်နာမည်ဖြင့် အသိအမှတ်ပြုပေးရန် အိုအိုင်စီအဖွဲ့၏ လိုလားချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် ရန်ဟီးလီ တို့ လက်ထက်ကတည်းက အပြင်းအထန် ဖိအားပေးဆောင်ရွက်ခဲ့သည်ကိုလည်း အမျိုးသားရေးကို မြတ်ခြေမပြတ် စောင့်ကြည့်ခဲ့သည့် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက သိရှိနား လည်ခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံတကာအသိုက်အဝန်းတွင် မြန်မာနိုင်ငံ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ တရားစွဲလာသော ဂမ်ဘီယာ၏ မှားယွင်းသောအချက်အလက်များနှင့် စွပ်စွဲပြောဆိုမှုများကို ပြောင်မြောက်စွာ တုန့်ပြန်ချေပပြီး စနစ်တကျ ဖန်တီးထားသော လိမ်ညာကောက်ကျစ်မှုများကို နိုင်ငံတကာက မှန်ကန်စွာ သိမြင်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရှေ့နေများ၏ ဆောင်ရွက်ချက်များကို ကျွန်ုပ်တို့က လေးနက်စွာ ဂုဏ်ပြုထောက်ခံပါကြောင်း သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
Myanmar National Network


No comments:
Post a Comment