မောက်မယ်မြို့နယ်၌ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအသိပေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ်၌ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအသိပေးဆွေးနွေး




မောက်မယ်   ၊ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မောက်မယ်မြို့နယ်၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင်  ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်က  အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြမြသန်းက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် မြို့နယ်အတွင်းကျေးရွာများမှ စေတနာ့ဝန်ထမ်းများရွေးချယ်ရာတွင် ဒေသခံဝန်ထမ်းများမှ အဆင်ပြေမည်ဖြစ်ကြောင်း၊ ကျေးရွာများသို့ကွင်းဆင်းခဲ့သည့် အတွေ့အကြုံများအရ ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ အားနည်းချက်အားသာချက်များ ရှင်းလင်း ဆွေးနွေးခဲ့ရာ ၂၀၂၆ခုနှစ်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ထို့နောက် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် ခက်ခဲဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများပိုမိုဆောင် ရွက်နိုင်ရေးအတွက် မှတ်တမ်းဗီဒီယိုပြသခဲ့ကြောင်းသိရသည်။


စိုင်းမျိုးသန့်(မောက်မယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)