ပုသိမ်ကြီး ၊ ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ပုသိမ်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်သည့် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်း(၃)ထပ်တိုးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အုန်းချောကျေးရွာအုပ်စု၊ ချမ်းသာရဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အောင်မြေသာစံခရိုင် ဒုတိယညွန်ကြားရေးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မဲစာရင်းတွင်ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအား နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့် UID ကတ်များကို တစ်ပါတည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို
https://t.me/MyanmarNationalPost
No comments:
Post a Comment