မြန်မာနိုင်ငံရဲ့ပြီးပြည့်စုံပြီးတော့ ကောင်းမွန်စွာ စီစဉ်ထားတဲ့ စနစ်ကျနမှုရှိစွာနဲ့ အကောင်အထည်ဖော်တဲ့ ရွေးကောက်ပွဲစီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို လာရောက် လေ့လာခွင့်ရတာဟာ ကျွန်မတို့အတွက် တန်ဖိုးအလွန်ကြီးမားပါတယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံရဲ့ပြီးပြည့်စုံပြီးတော့ ကောင်းမွန်စွာ စီစဉ်ထားတဲ့ စနစ်ကျနမှုရှိစွာနဲ့ အကောင်အထည်ဖော်တဲ့ ရွေးကောက်ပွဲစီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို လာရောက် လေ့လာခွင့်ရတာဟာ ကျွန်မတို့အတွက် တန်ဖိုးအလွန်ကြီးမားပါတယ်


Dr. Janaki Kumari Tuladhar ၊ အဖွဲ့ဝင်၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင် -

လေးစားအပ်ပါသော ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကြီးနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ တက်ရောက်လာတဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင်။

ကျွန်မတို့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားချက်နဲ့အတူ မြန်မာနိုင်ငံမှာရှိတဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူတွေ အဖြစ်နဲ့ ပါဝင်ခွင့်ရရှိတဲ့အပြင် အခုလိုမျိုးနီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကိုယ်စား မှတ်ချက်ပြုပြောကြားခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်ရှင်။

ပထမဦးဆုံးအနေနဲ့ အခုလိုမျိုး ကျွန်မတို့ကို လာရောက်လေ့လာဖို့အတွက် ဖိတ်ကြားခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ အဲဒီလိုမျိုး နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူတွေကိုဖိတ်ကြားခြင်းဟာဆိုရင် ရွေးကောက်ပွဲစီစဉ်ဆောင်ရွက်တဲ့ အဖွဲ့အစည်းအချင်းချင်းတွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံထဲမှာရှိတဲ့ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုမြှင့်တင်နိုင်ဖို့နဲ့ ဒီရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် အရေးကြီးတယ် ဆိုတာကိုဖော်ပြရာ ရောက်တဲ့အတွက် အခုလိုမျိုးဖိတ်ကြားတာကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။

ကျွန်မတို့ကို အခုလိုမျိုးဖိတ်ကြား‌ပေးတဲ့အပြင် ကျွန်မတို့ မြန်မာနိုင်ငံကိုလာရောက်ပြီး လေ့လာချိန် တစ်လျှောက်လုံးမှာ လိုအပ်သမျှအရာရာကို ပြည့်စုံအောင်စီစဉ်ထားပြီးတော့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုပေးတဲ့အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။

ကျွန်မတို့ရဲ့နေထိုင်မှု၊ သွားလာလှုပ်ရှားမှု၊ လုံခြုံ ရေးဆိုင်ရာတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည့်စုံတဲ့သတင်းအချက်အလက်ပေးမှုတွေ၊ ကျွန်မ တို့ အခုလိုမျိုးရွေးကောက်ပွဲလေ့လာရာမှာ လိုအပ် တဲ့ကူညီဆောင်ရွက်ပေးမှုတွေအတွက်လည်း အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။

ဆက်လက်ပြီးတော့ ကျွန်မအနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နီပေါသံအမတ်ကြီးရဲ့ ကျွန်မတို့အဖွဲ့အပေါ် ကူညီဆောင်ရွက်ပေးမှု‌တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံနဲ့နီပေါနိုင်ငံ နှစ်နိုင်ငံ ကြားမှာရှိတဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ဖော်ဆောင် နိုင်ဖို့နဲ့ ကျွန်မတို့အဖွဲ့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့အတွက်ကို ကျွန်မတို့ရဲ့သံအမတ်ကြီးကလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။

ကျွန်မတို့ရဲ့ ရွေးကောက်ပွဲလေ့လာမှုတွေ ပြုလုပ်နေချိန် အတောအတွင်းမှာဆိုရင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ပြီးပြည့်စုံပြီး ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိခဲ့တယ်ဆိုတာကို ကျွန်မတို့အနေနဲ့ တွေ့ရှိခဲ့ရပါတယ်။ စနစ်ကျပြီးတော့ ရှင်းလင်းတဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားမှုတွေ ဆောင်ရွက်ထားပြီး အထူးသဖြင့် မဲဆန္ဒရှင်တွေ မဲစာရင်းမှာပါဝင်နိုင်ဖို့၊ ကြိုတင်မဲတွေပေးနိုင်ဖို့ ကြိုတင်စီစဉ်ဆောင်ရွက်ထားမှုတွေနဲ့ ဒီလုပ်ငန်းစဉ် တွေအဆင်ပြေဖို့အတွက် အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ကျွန်မတို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

ကျွန်မတို့တွေ သတ်မှတ်ထားတဲ့နေရာတွေမှာ ရှိတဲ့ မဲရုံတွေကို သွားရောက်လေ့လာတဲ့အခါမှာ တော့ မဲရုံလုပ်ငန်းတာဝန်တွေကိုထမ်းဆောင်နေတဲ့ မဲရုံဝန်ထမ်းတွေဟာ သမာသမတ်ကျစွာ၊ အရည်အချင်းပြည့်မီစွာနဲ့ဆောင်ရွက်ခဲ့တဲ့အပြင် သူတို့ရဲ့လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ သိရှိနားလည် ပြီး စိတ်ရောကိုယ်ပါဆောင်ရွက်ခဲ့တာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်ရှင်။

မဲရုံတွေဟာဆိုရင် ကောင်းမွန်တဲ့စီမံခန့်ခွဲမှုအောက်မှာ ရှိနေတာကိုတွေ့ရှိရပြီး မဲပေးတဲ့လုပ်ငန်း စဉ်တွေနဲ့ မဲဆန္ဒရှင်တွေရဲ့မဲပေးမှုနဲ့ပတ်သက်ပြီး သူတို့အနေနဲ့စိတ်ရှုပ်ထွေးမှုတစ်စုံတစ်ရာ မသဲကွဲမှုတွေ မရှိခဲ့ဘူးဆိုတာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်ရှင်။ ကျွန်မတို့အနေနဲ့မြန်မာနိုင်ငံရဲ့ အီလက် ထရောနစ်မဲပေးစက်တွေကို မြန်မာနိုင်ငံမှာရှိတဲ့အင်ဂျင်နီယာတွေက ဒီဇိုင်းဆွဲ‌ဖော်ဆောင်ထား တယ်ဆိုတာကိုလည်းတွေ့ရှိရပြီး အဲဒီစက်တွေဟာ ဆိုလို့ရှိရင် ပြင်ပမှ နှောင့်ယှက်နိုင်မှု တစ်စုံတစ်ရာ မရှိဘဲနဲ့ မဲပေးမှုတွေကို ဆောင်ရွက်နိုင်ခဲ့တယ် ဆိုတာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်။

မဲပေးမှုလုပ်ငန်းစဉ်တွေဟာဆိုလို့ရှိရင်လည်း မဲဆန္ဒရှင်တွေအတွက် သူတို့ရဲ့မဲပေးခွင့် မဆုံးရှုံးနိုင် ဖို့အတွက် ကောင်းမွန်ပြီးတော့ စနစ်ကျတဲ့ပတ်ဝန်းကျင်မှာ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့တာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဒီမဲပေးစက်ကိုအသုံးပြုတဲ့အခါမှာ မသန်စွမ်းမဲဆန္ဒရှင်တွေ အတွက် အဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးထားတာကိုလည်း ကျွန်မတို့အနေနဲ့ တွေ့ရှိခဲ့ရပါ တယ်ရှင်။

ကျွန်မတို့လိုမျိုး နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူတွေရဲ့ ရှုထောင့်ကနေ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲတွေကို နိုင်ငံတစ်နိုင်ငံမှာ ကျင်းပတယ်။ အထူးသဖြင့် မြေမျက်နှာသွင်ပြင် မတူညီမှုတွေရှိတယ်။ နိုင်ငံသားများစွာ ရှိနေပြီးတော့ အုပ်ချုပ်မှုအနေအထားတွေ ကွဲပြားမှုတွေရှိနေတဲ့ နိုင်ငံတွေမှာဆိုလို့ရှိရင် ချို့ယွင်းမှုတွေရှိနေတယ်ဆိုတာကိုလည်း ကျွန်မတို့တွေအနေနဲ့ အသိအမှတ်ပြု ပါတယ်။ အဲဒီလိုအနေအထားတွေရှိတဲ့ အခြေအနေမှာ ဆိုလို့ရှိရင် ပြည်နယ်တွေ တိုင်းတွေအပြင် ကျွန်မတို့အနေနဲ့ ဒီတိုင်းရင်းသားလူမျိုးစုတွေ မဲပေးနိုင်ဖို့ အတွက်ကိုလည်း ကူညီဆောင်ရွက်ပေးဖို့ လုပ်ဆောင် မှသာလျှင် အားလုံးပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဖြစ်မှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီရွေးကောက်ပွဲကိုလေ့လာတဲ့အခါမှာ မဲဆန္ဒရှင်တွေအထဲမှာ တိုင်းရင်းသားလူမျိုးတွေအနေနဲ့လည်း ရွေးကောက်တင်‌မြှောက်ခံခွင့်နဲ့ ရွေးကောက် တင်မြှောက်ခွင့်အတွက်ကို မဲပေးခွင့်မဆုံးရှုံးရန်အတွက် သူတို့ကိုဥပဒေပြဋ္ဌာန်းချက်တွေနဲ့ သတ်မှတ်ကူညီပေးထားတာကို ကျွန်မတို့ လေ့လာခဲ့ရပါတယ်ရှင်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲလေ့လာမှုကို ဖော်ဆောင်တဲ့ အခါမှာ ကျွန်မတို့ကိုသင့်လျော်တဲ့ သတင်းအချက်အလက်တွေ မျှဝေပေးတယ်။ ပြီးရင် ကျွန်မတို့လိုမျိုး နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူတွေအနေနဲ့ အပြုသဘောဆန်စွာနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ပေးပြီးတော့ ပွင့်လင်းတဲ့သဘောထားရှိတာကိုလည်း ကျွန်မတို့အနေနဲ့ လေးစားကြောင်း ပြောကြားလိုပါတယ်ရှင်။ အဲဒီလိုမျိုး ပွင့်လင်းမြင်သာမှုရှိခြင်းဟာဆိုရင် အဖွဲ့အစည်းတစ်ခုရဲ့ သမာသမတ်ကျမှု၊ အများယုံကြည်လက်ခံမှု၊ ပြီးတော့ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ်မှာ ပြည်သူလူထုထံမှ ရရှိနိုင်တဲ့ ယုံကြည်မှုကိုလည်း အပြုသဘောဆန်စွာနဲ့ ဖော်ဆောင်နိုင်တာ ဖြစ်ပါတယ်ရှင်။

နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူတွေရဲ့ ရှုထောင့်ကနေ ဓလေ့ထုံးစံနဲ့အညီ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆိုတာဟာ မပြီးဆုံး နိုင်တဲ့ အစဉ်အမြဲဆက်လက်ဆောင်ရွက်နေရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့ အခါမှာဆိုရင် မဲဆန္ဒရှင်အသိပညာပေးခြင်းလုပ်ငန်း တွေအားလုံး လက်လှမ်းမီ‌ရောက်ရှိနိုင်မှု၊ ပြီးရင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပါဝင်ပတ်သက်သူ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန် ဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျှောက် လုံး အချိန်နဲ့အမျှ ဆောင်ရွက်နေဖို့ လိုအပ်မှာဖြစ်ပါ တယ်ရှင်။

အဆွေတော်ဥက္ကဋ္ဌကြီးနဲ့ ဧည့်သည်တော်များ ရှင်။ ကျွန်မတို့ နီပေါနိုင်ငံရဲ့ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီးတော့ ကျွန်မတို့အနေနဲ့ ဒီလိုမျိုးရွေးကောက်ပွဲစီမံခန့်ခွဲမှု‌ အခက်အခဲ‌တွေကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်ရှင်။  

အဲဒီလိုအချိန်မှာ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ပြီးပြည့်စုံပြီးတော့ ကောင်းမွန်စွာ စီစဉ်ထားတဲ့ စနစ်ကျနမှုရှိစွာနဲ့ အကောင်အထည်ဖော်တဲ့ ရွေးကောက်ပွဲစီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို လာရောက် လေ့လာခွင့်ရတာဟာ ကျွန်မတို့အတွက် တန်ဖိုးအလွန်ကြီးမားပါတယ်ရှင်။ ကျွန်မတို့အနေနဲ့ ဒီရွေးကောက်ပွဲလေ့လာမှုကနေရရှိခဲ့တဲ့ အတွေ့အကြုံကောင်းတွေကို ကျွန်မတို့ရဲ့နီပေါနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမာသမတ်ကျဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး အများယုံကြည် လက်ခံဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ ဒီရွေးကောက်ပွဲလေ့လာမှုကနေရရှိခဲ့တဲ့ အတွေ့အကြုံတွေသင်ခန်းစာတွေကို ကျွန်မတို့အနေနဲ့ ပြန်လည်ပြီး‌တော့ မျှဝေအသုံးချသွားမှာ ဖြစ်ပါတယ်ရှင်။

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာမှုဆိုတာဟာ လုပ်ငန်းစဉ်အသစ် တစ်ခုသာမကဘဲ ကျွန်မ တို့အနေနဲ့ အပြန်အလှန်သင်ကြားလေ့လာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ အခုလိုမျိုး ရွေးကောက်ပွဲစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းအချင်းချင်း တွေကြားထဲမှာ အထူးသဖြင့် အာဆီယံနိုင်ငံတွေ ကြားထဲမှာ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေ ကြားထဲမှာ ဒေသတွင်းမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကြားထဲမှာ အခုလိုမျိုး ပူးပေါင်းဆောင်ရွက်ပြီးတော့ အများ ယုံကြည်လက်ခံပြီး အားလုံးပါဝင်မှုရှိတဲ့ရွေးကောက် ပွဲတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အတွေ့အကြုံတွေ၊ ဗဟုသုတတွေဖလှယ်တာဟာ ကောင်းမွန်တဲ့ ဓလေ့တစ်ခုဖြစ်တယ်လို့ ကျွန်မတို့အနေနဲ့ ယုံကြည် ပါတယ်ရှင်။

ရွေးကောက်ပွဲကျင်းပမှုဆိုတာဟာ အုပ်ချုပ်မှုလုပ်ငန်းစဉ်တစ်ခုသာ မဟုတ်ပါဘူးရှင်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုတာဟာ နိုင်ငံတစ်ခုရဲ့ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒ အပေါ်မှာ ကတိကဝတ်ပြုမှုကို အကောင်အထည် ဖော်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျွန်မတို့ အနေနဲ့ အဲဒီရှုထောင့်ကနေ ပြောရမယ်ဆိုရင်တော့ ဒီကြီးမားတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စနစ်ကျစွာနဲ့ ကောင်းမွန်မှန်ကန်တဲ့ အရည်အချင်းတွေနဲ့ ခက်ခဲတဲ့အချိန်တွေ၊ ရှုပ်ထွေးတဲ့အချိန်တွေကြား ထဲကနေပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ယူလိုကြောင်း ပြောကြားလိုပါတယ်ရှင်။

နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်ကိုယ်စား ကျွန်မအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနဲ့ယခုရွေးကောက်ပွဲကို ကျင်းပတဲ့အခါမှာ အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတဲ့အဖွဲ့အစည်းဌာနများအားလုံးကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားလိုပါတယ်ရှင်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာရှိတဲ့ လူထု အနေနဲ့ငြိမ်းချမ်းမှုတွေရရှိပါစေ။ တည်ငြိမ်မှုတွေ ရရှိပါစေ။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာလည်း ဒီထက်ပိုမိုပြီးတော့ တိုးတက်ဖွံ့ဖြိုးမှုတွေ ရရှိပါစေ လို့ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)