ပြင်ဦးလွင်၊ ဇန်နဝါရီ ၂၄
ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်မှာ ယနေ့ ဇန်နဝါရီလ (၂၄)ရက်က ကျင်းပပြုလုပ်တဲ့ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ပမာဏအများဆုံး သိမ်းဆည်းရမိမှုနှင့် ပတ်သတ်သည့် ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သတင်းစာရှင်းလင်ပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်တို့မှာ မူးယစ်ဆေးဝါးချက်လုပ်တဲ့ နေရာ (၁၄)ခုကို ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး SSA စခန်းတစ်ခုကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်မှူးကြီး ဝင်းဇော်မိုးက ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ်ရာမှာအသုံးပြုတဲ့နေရာတစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့ပြီးတော့ အခြားနေရာတွေမှာတော့ မူးယစ်ဆေးဝါး ချက်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ဓာတုပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ယခင်သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြသခဲ့တဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ နေရာ(၃)ခုအား ကျွမ်းကျင်သူတွေနဲ့ အသေးစိတ်စိစစ်ခဲ့ရာမှာ စုစုပေါင်း တန်ဖိုးငွေကျပ် (၆၅.၂၈၂) ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေနဲ့ ဓာတုပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး အိုက်စ်နှင့် စိတ်ကြွဆေးပြား ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းကိရိယာမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ နေရာ (၃)ခုက မူးယစ်ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုတေ့ ဇန်နဝါရီလ (၁၆)ရက်ကနေ (၂၂)ရက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးရှို့/ မြေမြှုပ်/ ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
#MNP #News





No comments:
Post a Comment