Pages

Pages

တာမွေမြို့နယ်၌ ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပ နေမှုအား နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ လာရောက်ကြည့်ရှုလေ့လာ









တာမွေ၊ ဇန်နဝါရီ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက်ပိုင်းအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများအလိုက်  မည်သည့်ဖိအားတစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် စိတ်အားထက်သန်စွာ တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသား ပီသစွာဖြင့် တစ်ခဲနက် ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ တာမွေမြို့နယ်၌ ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနေမှု အား ယနေ့မွန်းလွဲပိုင်းအချိန်က ပြည်ပနိုင်ငံအသီးသီးမှ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်ကြည့်ရှုလေ့လာခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက အသေးစိတ် လိုက်လံ ရှင်းလင်းဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မဲရုံပေါင်း(၅၄)ရုံရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦး‌ရေ (၈၉၄၈၄)ဦးထိရှိကြောင်း၊ ယနေ့ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ(၉)ခုရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(၈)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ ကရင် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း(၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် လောင်း(၆)ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း(၃၂)ဦးတို့ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ယခုကျင်းပသည့် ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရန်၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး မြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


ထက်တံခွန် 

#MNP #News

No comments:

Post a Comment