Pages

Pages

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်မိသားစုဝင်များရေကြည်မြို့နယ်၌ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်ဆန္ဒမဲပေး







ရေကြည်၊ ဇန်နဝါရီ  ၂၅

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက် (၆) နာရီမှ စတင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်မိသားစုဝင်များက အောင်ဆန်းရပ်ကွက်ဘုရားကြီးကုန်း အခြေခံပညာမူလတန်းကျောင်း မဲရုံအမှတ် (၁)၌  ပါဝင်မဲပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆန္ဒမဲလာရောက်ပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်၊ အေးချမ်းစွာနှင့်အဆင်ပြေချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားမှု များကို ကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ရေကြည်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၇)ခုနှင့်တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် (၅)ဦးတို့  ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု (၉၉ )ခု၌ မဲရုံပေါင်း (၁၁၀) ရုံ ဖွင့်လှစ်ထားရှိပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း  ၁၂၅၁၂၁ ဦး ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment