မြောက်ဥက္ကလာပ၊ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော် ကိုယ် စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။
ဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံအသီးသီးတွင် မဲပုံများအား နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီး၊ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံစတင် ဖွင့်လှစ်ကြောင်း ကြေငြာခဲ့ပြီး မဲရုံအသီးသီး၌ မဲရုံဖွင့်လှစ်ချိန်မှ စတင်၍ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး၊ မဲပေးနိုင်ရေးအတွက် အတွင်းအပြင် လုံခြုံရေးဆောင် ရွက်ပေးခြင်းနှင့် မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြို့နယ်အတွင်းရပ်ကွက် (၁၉)ခု ၊ မဲရုံ (၁၄၀)ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စုစုပေါင်း (၂၀၃၆၁၉) ဦး ရှိရာ ပြည်သူများ ဆန္ဒမဲ လာရောက် ပေးလျက်ရှိသည်။ မြောက်ဥက္ကလာမြို့နယ်တွင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၈) ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆) ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၆)၊ ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်(၇) ဦး ၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် (၄) ကိုယ်စားလှယ်တို့အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
သက်လွင်စိုး
#MNP #News






No comments:
Post a Comment