Pages

Pages

ကျောက်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပ







ကျောက်ကြီး၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီးအရှေ့ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၆ နာရီမှစတင်ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ပြည်သူများဆန္ဒမဲပေးကြသည်။

ကျောက်ကြီးမြို့နယ်တွင်နယ်မြေဒေသအခြေအနေအရ မဲရုံ(၁၃)ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  လူဦးရေ(၁၃၀၅၇)ဦးရှိသည့်အနက် မြို့ပေါ်ရပ်ကွက်(၇)ခုတွင် ဆန္ဒမဲရုံ(၇)ရုံ၊ မအူပင်ဆိပ် ကျေးရွာအုပ်စုတွင် ဆန္ဒမဲရုံ(၁)ရုံ၊ တုံးကြီးကျေးရွာအုပ်စုတွင် ဆန္ဒမဲရုံ(၃)ရုံ နှင့် မုန်းကျေးရွာအုပ်စုတွင် ဆန္ဒမဲရုံ(၂)ရုံ တို့အား ဖွင့်လှစ်လျက်ရှိသည်။

မြို့နယ်အတွင်းရှိမဲရုံများတွင် ပြည်သူများမှ အီလက်ထရောနစ် (MEVM)မဲပေးစက်ဖြင့်  သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ (၇) ခုမှ ပါတီကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။


#MNP #News

No comments:

Post a Comment