Pages

Pages

လိပ်သိုဒေသတွင် ဆောင်းရာသီကာလ ရွှေဖရုံစိုက်ပျိုးရောင်းချခြင်းဖြင့် အဆင်ပြေ



လိပ်သို ၊  ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ ဆောင်းရာသီကာလ အပိုဝင်ငွေရရှိစေရန်အတွက် မိမိတို့၏ တောင်ယာခင်းများနှင့် နေအိမ်ခြံဝင်းများအတွင်းတွင် ရွှေဖရုံပင်များ စိုက်ပျိုးထားကြရာ ယခုကာလတွင် ရွှေဖရုံသီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသခံများမှာ ရွှေဖရုံပင်များကို နေအိမ်ခြံဝင်းအတွင်းတွင် စင်ထိုး၍လည်းကောင်း၊ တောင်ယာခင်းများတွင် အခြားသီးနှံများနှင့်ရော၍ မြေပေါ်လျှောက်သွားစနစ်ဖြင့်လည်းကောင်း စိုက်ပျိုးထားကြကြောင်း၊ ရွှေဖရုံသီးများကို ဆွတ်ခူးပြီး ဆိုင်ကယ်ကယ်ရီများဖြင့် လှည့်လည်ရောင်းချကြရာ ရွှေဖရုံသီး အလုံးအကြီး/ အသေးပေါ်မူတည်၍ လက်လီစျေး တစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ စျေးရရှိနေကြောင်း သိရသည်။

သေခံတောင်သူများမှာ ရွှေဖရုံပင်များအပြင် ကျောက်ဖရုံ၊ ငရုတ်၊ ပဲ၊ ဘူး၊ သခွား၊ ပီလောပီနံ၊ ချဉ်ပေါင်တို့ကိုလည်း မိသားစုအပိုဝင်ငွေ ရရှိရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။

နော်ဖလောရင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment