နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



နေပြည်တော်  ၊ ဇန်နဝါရီ ၂၀

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ၊ ကွင်းအမှတ်(၁၈၇၈)၊ တောင်သူ ဦးအောင်သောင်း၏ လယ်မြေတွင် ဆောင်းသီးနှံ မြေပဲစိုက်ပျိုးထားရှိမှုနှင့် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးရန် မြေပြုပြင်နေမှုအားလည်းကောင်း၊ မင်းကုန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ ကွင်းအမှတ်(၁၈၈၁)၊ တောင်သူ ဦးကျော်နိုင်ဦး၏ လယ်မြေတွင် နွေစပါးစိုက်ပျိုးရန် မြေပြုပြင်နေမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်သုံးသီးရာသီပြည့်သီးနှံများ စိုက်ပျိုး‌နိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေများ စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေများ အလေအလွင့်မရှိ အသုံးပြုနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးနှင့် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အချိန်ကိုက်ဖြစ်စေရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများလိုက်ပါလျက် မင်းကုန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၌  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဥတ္တရခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၂၅- ၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ခွင့်ပြုရန်ပုံ‌ငွေ (၈၈ ဒသမ ဝဝ) ကျပ်သန်းဖြင့် ဆောင်ရွက်နေသော အောင်ချမ်းသာကျေးရွာနှင့် မီးလောင်ကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းနှင့် လမ်းပုခုံးတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ မင်းကုန်း‌ကျေးရွာအုပ်စု၊ ဆည်ကန်ရွာအဝင်လမ်းပေါ်တွင် ၂ဝ၂၅-၂ဝ၂၆ ခု ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီငွေလုံး ငွေရင်းရန်ပုံငွေ (၃၉ ဒသမ ၁၇ဝ) ကျပ်သန်းဖြင့် ဆောင်ရွက်နေသော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချဉ်းကပ်လမ်းပြတ်ပါသွားသော ကွန်ကရစ်ရေကျော်အား Extension ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုငွေ ၁၁၈ ဒသမ ၃၁၇ ကျပ်သန်းဖြင့် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ လမ်းဘေးရှိရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊  သန့်ရှင်းသာယာလှပ‌ရေးဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့အောင် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် သရက်တောကျေးရွာအုပ်စု၊  ပိုးစာတောကျေးရွာ၊ ကွင်းအမှတ် (၁၈၉၄)ရှိ တောင်သူ ဦးမျိုးမြင့်၏  ကြံစိုက်ခင်း ၂ ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)