သံတောင်ကြီး ၊ ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများ၏ မြေလွတ် မြေရိုင်းနေရာများ၊ ဥယျာဉ်ခြံများ၊ မြစ်ချောင်းများ၏ ဘေးပတ်ဝန်းကျင်များတွင် သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများသည် ယခုအချိန်တွင် ဝယ်လိုအားကောင်းသောကြောင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ကင်ပွန်းသီးများသည် သစ်မာပင်များဖြစ်၍ တစ်နှစ်လျှင်တစ်ကြိမ်တည်းသာ အသီးသီးကာ သဘာဝအတိုင်း ပေါက်ရောက်ကြပြီး ယခုအချိန်ကာလတွင် ဝယ်လိုအားကောင်းသောကြောင့် ဒေသခံပြည်သူများမှာ မိမိတို့၏မြေလွတ်နေရာများတွင် ကင်ပွန်းသီးပင်များကို စီးပွားဖြစ်ပြန်လည် စိုက်ပျိုးကြရှိသည်။ ကင်ပွန်းသီးများကို ခေါင်းလျော်ရည်ပြုလုပ်ရာတွင် အသုံးပြုခြင်း၊ ဆပ်ပြာရည်များ ပြုလုပ်ရာတွင် အသုံးပြုခြင်း၊ ဝါးဘူးများတွင် ကင်ပွန်းသီးများထောင်းပြီး ချောင်းများတွင်ထည့်သည့်အခါ ငါးများကို အလွယ်တကူ ဖမ်းယူနိုင်ခြင်းတို့တွင် အသုံးပြုကြသည်။
အဆိုပါ ကင်ပွန်းသီးမျာကို သံတောင်ကြီးမြို့နှင့် တောင်ငူမြို့ရှိကင်ပွန်းသီး ရောင်းဝယ်သူများထံတွင် သွားရောက်ရောင်းချပြီး တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ထိ ရရှိကာ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
နော်နော်မူ
https://t.me/MyanmarNationalPost
No comments:
Post a Comment