ဂရင်းလန်းကိစ္စ ဆန့်ကျင်တဲ့နိုင်ငံတွေကို အခွန်တိုးကောက်မယ်လို့ ထရမ့်ကြိမ်းပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂရင်းလန်းကိစ္စ ဆန့်ကျင်တဲ့နိုင်ငံတွေကို အခွန်တိုးကောက်မယ်လို့ ထရမ့်ကြိမ်းပြီ


ဇန်နဝါရီ - ၁၇ ( စနေနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂရင်းလန်းကျွန်းကို ရယူရန် သူ့ရဲ့တွန်းအားပေးမှုကို မထောက်ခံတဲ့ အမေရိကန်ကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်စည်းကြပ်မှုတိုးမြှင့် ချမှတ်မယ်လို့ ပြောလိုက်တဲ့အတွက် အမေရိကန်နဲ့ ဥရောပမဟာမိတ်များကြားမှာ တင်းမာမှုများ မြင့်တက်လာကာ နေတိုး ( မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့)  ရဲ့ စည်းလုံးညီညွတ်မှုရဲ့ အနာဂတ်က  မသေချာမရေရာမှုအသစ်များ ဖြစ်ပေါ်နေပါတယ်။

မနေ့ကလုပ်တဲ့ အိမ်ဖြူတော်သတင်းစာရှင်လင်းပွဲမှာ အမေရိကန်သမ္မတက ကြီးမားပြီး သတ္တုကြွယ်ဝသော အာတိတ်ဒေသက ဂရင်းလန်းကျွန်းကို အမေရိကန်ထိန်းချုပ်မှုအောက်တွင် ထားရှိချင်နေပြီး အဲ့ဒါကို သူ့ရဲ့ ပထမသမ္မတ သက်တမ်းမှာကတည်းက လုပ်ချင်နေတာပါ။ “တစ်နည်းမဟုတ် တစ်နည်း၊ ကျွန်တော်တို့ ဂရင်းလန်းကို ရရလိမ့်မယ်” လို့ ပြောပြီး စစ်အင်အားသုံးဖို့အတွက်ကိုတော့  အရင်ကတည်းက ငြင်းဆန်ခဲ့ပါတယ်။ 

"နိုင်ငံတော်လုံခြုံရေးအတွက် ဂရင်းလန်းကို လိုအပ်တာကြောင့် ဂရင်းလန်းကိစ္စကို သဘောမတူတဲ့  နိုင်ငံတွေအပေါ် အခွန်စည်းကြပ်လိုက်ဖို့ပဲ လိုပါတော့တယ်။ မဖြစ်မနေ လုပ်ရတော့မှာပါ” လို့ ပြောပါတယ်။ 

နေတိုးအဖွဲ့ဝင်နိုင်ငံတွေက သူ့ရဲ့ရည်မှန်းချက်ကို ဆန့်ကျင်ခဲ့ရင် သူ့အနေနဲ့က အခွန်းတိုးကောက်တဲ့ လုပ်ငန်းကိုပဲလုပ်ပြီး အမေရိကန်ကိုနေတိုးအဖွဲ့ကနေ နုတ်ထွက်ဖို့အစီအစဉ်တော့ မရှိပါဘူးလို့ ဆိုပါတယ်။ “ကျနော်တို့ တွေ့ကြမှာပါ။ ဘာလုပ်နိုင်တယ် ဘယ်လိုလုပ်နိုင်တယ်ဆိုတာကိုပါ” 

ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းကို ဘေကျင်း သို့မဟုတ် မော်စကိုက သိမ်းယူခြင်းမှ ကာကွယ်ရန် အမေရိကန်၏ အချုပ်အခြာအာဏာကသာ တတ်စွမ်းနိုင်တယ်လို့ ထရမ့်က အခိုင်အမာပြောထားပါတယ်။  

နေတိုးရဲ့ ဥရောပအဖွဲ့ဝင်များကတော့ ထရမ့်ရဲ့ရည်မှန်းချက်ကို လူသိရှင်ကြား ဆန့်ကျင်မှု မလုပ်ပေမဲ့ နောက်ကွယ်မှာကတော့ ခုခံမှုတွေ တိုးလာနေပါတယ်။ ယခုသီတင်းပတ်အတွင်းဂရင်းလန်းရဲ့ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒကို အုပ်ချုပ်တဲ့ ဒိန်းမတ်နိုင်ငံက နေတိုးရဲ့ အာတိတ်ခံနိုင်ရည်  စစ်ရေးလေ့ကျင့်မှုမတိုင်မီ ကျွန်းသို့ တပ်ဖွဲ့ငယ်များစေလွှတ်ရန် မဟာမိတ်များစွာနှင့် ညှိနှိုင်းခဲ့ပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်၊ နော်ဝေးနှင့် ဗြိတိန်တို့က ဝန်ထမ်းများအား ပံ့ပိုးပေးခဲ့ပြီး ဂရင်းလန်း၏ လက်ရှိအချုပ်အခြာအာဏာကို အားဖြည့်မှုဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည့် လှုပ်ရှားမှုတစ်ခု လုပ်ခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)