ကျွန်းလှမြို့နယ်တွင် ကွမ်းခြံများအောင်မြင်ဖြစ်ထွန်းပြီး ကွမ်းရွက်ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်တွင် ကွမ်းခြံများအောင်မြင်ဖြစ်ထွန်းပြီး ကွမ်းရွက်ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ

 


ကျွန်းလှ ၊  ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နှစ်ရှည်ပင်မျိုးစုံစိုက်ပျိုးကြရာ ကွမ်းခြံများ အောင်မြင်ဖြစ်ထွန်းပြီး ကွမ်းရွက်ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်သူများထံမှ သိရသည်။

“ကျွန်တော် မြေအောက်ရေတင်ပြီး ကွမ်းစိုက်ပျိုးထားတာ ၃ နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ ဒေသကြိုက်ကွမ်းနုဝါကို အများဆုံးစိုက်ပျိုးပါတယ်။ ခြံဆောက်ခ၊ မြေပြင်ခ၊ ဆေးဖိုး၊ မြေဩဇာဖိုး ကုန်ကျစရိတ်များသော်လည်း နှစ်ရှည်သီးနှံဖြစ်သောကြောင့် အောင်မြင်ဖြစ်ထွန်းပါက အကျိုးအမြတ်ရရှိပါတယ်။ အရင်မိုးရာသီမှာ ကွမ်းရွက်အထွက်နှုန်းကောင်းပြီး ကွမ်းရွက်ဈေး တစ်ပိဿာ ၅၀၀၀ ရောင်းရသော်လည်း အခုဆောင်းရာသီမှာ ကွမ်းရွက်တစ်ပိဿာ ငွေကျပ် ၂၀၀၀၀ ဝန်းကျင်ရောင်ရ၍ အဆင်ပြေပါတယ်” ဟု လယ်လှကျေးရွာ ကွမ်းစိုက်ပျိုးသူ ဦးဆွေတင့်က ပြောသည်။

ကျွန်းလှမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ မြေအောက်ရေတင်ပြီး ကွမ်းစိုက်ပျိုးကြကြောင်း၊ ထွက်ရှိသည့် ကွမ်းရွက်များအား နီးစပ်ရာမြို့များရှိကွမ်းဒိုင်များသို့ ရောင်းချကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)