ရန်ကင်း ၊ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပဆောင်ရွက်ရာ၌ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ၊ ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် မြို့နယ်ပြင်ပရောက်မဲဆန္ဒရှင်ပြည်သူများ၊ ကျောင်းသားများ၊ သင်တန်းတက်ရောက်မည့်သူများ၊ ဆေးကုသမှုခံယူမည့်သူများ၊ အရေးပေါ် ခရီးထွက်ခွာမည့်သူများက ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းမှ စတင်၍ ရပ်ကွက် အသီးသီးရှိသတ်မှတ်နေရာများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများက စီမံဆောင်ရွက်ထားရှိပြီး မဲစာရင်းတွင်ပါရှိသည့် မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment