ဟင်္သာတအကျဉ်းထောင်မှ အကျဉ်းသား၊အကျဉ်းသူ(၁၀၀)ဦးအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၂/၂၀၂၆)ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတအကျဉ်းထောင်မှ အကျဉ်းသား၊အကျဉ်းသူ(၁၀၀)ဦးအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၂/၂၀၂၆)ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေး




ဟင်္သာတ  ၊ ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၁၀၀)ဦးတို့အား ယနေ့နံနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၂/၂၀၂၆)ဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၂/၂၀၂၆)ဖြင့် ပြစ်ဒဏ်မှလွှတ်ပေးခြင်း အခမ်းအနားတွင် ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အမှာစကားပြောကြားရာတွင် လွတ်မြောက်အကျဉ်းသား/သူများအနေဖြင့် ကျူးလွန်ခဲ့ကြသည့် ပြစ်မှုပုဒ်မအရ ထောင်ဒဏ်ကျခံစဉ်ကာလအတွင်း မိမိတို့၏အမှားများအား သင်ခန်းစာယူ၍ ပြင်ပတွင်ကောင်းမွန်စွာနေထိုင်ပြီး သမာအာဇီဝနည်းလမ်းများဖြင့် လုပ်ကိုင်စားသောက်ကြရန်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဌေးက ယခုကဲ့သို့ ကျင့် ၄၀၁(၁)အရ လွတ်ငြိမ်းဖြင့်လွတ်မြောက်ခြင်းသည့် အပြီးသတ်ပြစ်ဒဏ်မှ လွတ်မြောက်ခြင်းမဟုတ်ဘဲ စည်းကမ်းသတ်ဖြင့်လွတ်ခြင်းဖြစ်၍ ပြင်ပတွင်ကောင်းမွန်စွာနေထိုင်ရန်လိုအပ်ပြီး နောက်ထပ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် စည်းကမ်းသတ်ပြစ်ဒဏ်ပါ တစ်ပေါင်းတည်းကျခံရမည်ကို သိရှိရန်လိုအပ်ကြောင်း ဆုံးမစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် ထောင်တာဝန်ခံအရာရှိ ဦးသန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက အကျဉ်းသား၊ အကျဉ်းသူ ကျား (၈၃)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်း(၁၀၀)ဦးတို့အား သက်သေခံလက်မှတ်များနှင့် ခရီးစရိတ်ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ရဲမှူး သန်းကျော်ဋ္ဌေး၊ အဖွဲ့ဝင် ဦးကျော်အောင်၊ ဟင်္သာတမြို့နယ်မီးသတ်ဦးစီမှူး ဦးဥက္ကာ၊ ဟင်္သာတမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်သိန်း၊ ထောင်တာဝန်ခံအရာရှိ ဦးသန်းဇော်ဝင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)