ဂန့်ဂေါ ၊ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျင်းပပြုလုပ်ရာလုပ်ရာ ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် ဂန့်ဂေါမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက အမျိုးသမီးများပေါ်အကြမ်းဖက်မှုဆိုင် အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဓိပ္ပါယ်၊ အကြမ်းဖက်ခံရခြင်း အမျိုးအစားများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးအကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်က အသက်မပြည့်သေးသော ကလေးသူငယ်များအား ကျား/မ မတူညီမှု ခွဲခြားဆက်ဆံမှုမရှိစေရေး၊ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အသက်အပြည့်သူများ၏ မုဒိမ်းမှုကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၏ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဂန့်ဂေါမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်ရဲနိုင်မှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို လက်တွေ့သရုပ်ပြသင်ကြားပြခြင်းများကို အသိပညာပေးဟောပြောခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်၊၊
မောင်မျိုးမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment