Pages

Pages

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ က ဘင်္ဂါလီများ ၏ သမိုင်းလိမ် နာမည်ဖြစ်သော (ရိုဟင်ဂျာ) ဆိုသည့် နာမည်အား အစဉ်တစိုက် ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်




ရန်ကုန်၊ ဇန်နဝါရီ ၁၅

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ က မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံ ၏ မဟုတ် မမှန် စွပ်စွဲမှုများ၊ ဘာသာ သာသနာကို ထိပါးစေလိုသော ရည်ရွယ်ချက်များအား ပြင်းထန်စွာ ကန့်ကွက်ရှတ်ချကြောင်း၊ ဘင်္ဂါလီများ ၏ သမိုင်းလိမ် နာမည်ဖြစ်သော (ရိုဟင်ဂျာ) ဆိုသည့် နာမည်အား အစဉ်တစိုက် ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ ၁၅-၁-၂၀၂၅ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

အဆိုပါ ကြေညာချက်တွင် ၁၂.၁.၂၀၂၆ ရက်နေ့ တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ တရာရုံး ကိစ္စတွင် မြန်မာနိုင်ငံ အပေါ် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲပြောဆိုမှုများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်ပိုင်ခွင့်ကို ထိပါး ပြောဆိုလာခြင်း အတွက် ပြင်းထန်စွာ ရှတ်ချသည်။ မြန်မာနိုင်ငံ၏ ဘာသာ သာသနာ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် လုပ်ဆောင်တော်မူနေကြသော အလွန်အေးချမ်းသော ဗုဒ္ဓ ၏ အဆုံးအမ တရားရိပ်အောက်တွင် သီတင်းသုံးလျှက် ရှိသော သီတဂူ ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ ဉာဏိဿရ နှင့် မစိုးရိမ်တိုက်သစ်၊ စာချဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသတို့ ကဲ့သို့သော ဆရာတော်ကြီး ၂ ပါး တို့အား အကြမ်းဖက်မှုများအား လှုံ့ဆော် ခဲ့သည် ဟု အခြေအမြစ် မရှိ စွပ်စွဲ ပြောဆို တင်ပြခဲ့ခြင်း အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှတ်ချကြောင်း ကြေညာထားသည်။

TM မီဒီယာ ဟူသော ကိုသိန်းမြတ် ထုတ်လွှင့်နေသော မီဒီယာတွင်လည်း ကျွန်ုပ်တို့၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ယခင်ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဟောပြောချက် တစ်စိတ်တစ်ပိုင်း အား လွဲမှားဖော်ပြလျှက် ICJ တွင် သက်သေခံတင်သွင်းထားသည်ဟု ဖော်ပြခဲ့သည်ကို ကြားသိရပါသည်။ ထိုကိစ္စ တွင်လည်း ကျွန်ုပ်တို့ပါတီ၏ သဘောထားမှာ ရိုးရှင်းလှပေသည်။ နိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာသူ မည်သူ့ကိုမဆို နယ်ခြားစည်းမျဉ်းပြင်ပ ပင်လယ်ပြင်တွင် ပစ်ခတ် တိုက်ခိုက်ရန် သဘောထားရှိပေသည်။ စည်ပင်သာယာ နယ်နိမိတ်တွင် ဖမ်းဆီးရမိပါက နှင်ထုတ်ရန် သဘောထားရှိပေသည်။

ကျွန်ုပ်တို့ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီသည် မြန်မာနိုင်ငံ၌ တည်ရှိခဲ့သော ၁၃၅ မျိုးသော ဌာနေ တိုင်းရင်းသားများကိုသာ လက်ခံပြီး မြန်မာနိုင်ငံ၌ မရှိခဲ့ဘူးသော ခိုးဝင် ဘင်္ဂါလီများအား ဘယ်တုန်းကမှ အသိအမှတ် မပြုသလို သမိုင်းလိမ် နာမည်ဖြစ်သော (ရိုဟင်ဂျာ) ဆိုသည့် နာမည်အားလုံး အစဉ်တစိုက် ကန့်ကွက် ရှုတ်ချခဲ့သည်။ ယခု လတ်တလောတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံဘက်မှ (ရိုဟင်ဂျာ) ဟူသည့် သမိုင်းလိမ် နာမည်အား ထည့်သွင်းပြောဆိုခြင်း ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက် ရှတ်ချ လိုက်သည် ။

ງ ၂၀၁၇ . ဩဂုတ် .၂၅ ရက်နေ့က မောင်တော မြို့နယ်ရှိ လုံခြုံရေး ကင်းစခန်းပေါင်း ( ၃၀ ) နှင့် စစ်ဌာနချုပ် (၁)ခုအား ခိုးဝင်ဘင်္ဂါလီ စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့များမှ ဦးစွာ အကြမ်းဖက်ခဲ့ခြင်း နှင့် မြန်မာနိုင်ငံ ၏ အချုပ်အခြာ အာဏာနှင့် နယ်နိမိတ်များကို ကျူးကျော်ခြင်း အပေါ်တွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ နိုင်ငံနှင့် နိုင်ငံသားများအတွက် ကာကွယ် စောင့်ရှောက်ပေးခြင်းကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီသည် အစဉ်တစိုက် ထောက်ခံသွားမည်ဖြစ်သည်။

နောက်နောင်တွင်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ကာကွယ်ပိုင်ခွင့်ကို သော်လည်ကောင်း၊ ဗုဒ္ဓ ဘာသာ သာသနာဆိုင်ရာ အကြောင်းကိစ္စများနှင့် ဆရာတော်ကြီးများ ကဲ့သို့သော သာသနာ့ ဝန်ဆောင် ပုဂ္ဂိုလ်များကို သော်လည်းကောင်း၊ ဌာနေ တိုင်းရင်းသား မဟုတ်သော သမိုင်းလိမ် နာမည်များ သုံးစွဲခြင်းကိုသော်လည်းကောင်း ကျွန်ုပ်တို့ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ မှ အစဉ်တစိုက် ဆန့်ကျင် ကန့်ကွက် သွားမည်။

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲပြောဆိုမှုများသည် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများဖြစ်စေသည့် အပြင် နောင်လာနောက်သား မျိုးဆက်သစ် လူငယ်များ၏ အနာဂါတ်ကာလ၌ ကမ္ဘာ့ အခင်းအကျင်းတွင် ဂုဏ်သိက္ခာ ထိခိုက်စရာ နစ်နာစရာ အကြောင်းတရားများ ရှိလာနိုင်သည်ဟူ၍ ရှုမြင်ပြီး ၎င်းတို့ စွပ်စွဲချက်များ အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။


#MNP #News 

No comments:

Post a Comment