နေပြည်တော်၊ ဇန်နဝါရီ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၁/၂၀၂၆)ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက video conference စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၅) မှတ်တမ်းကို အတည်ပြုခြင်း ဆောင်ရွက်သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း နှင့် ထွက်ပေါ် လာမည့် အစိုးရအသစ်ကို နိုင်ငံ့တာဝန်များလွှဲပြောင်းပေးအပ်ပြီး ၎င်းတို့၏တာဝန် များကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် မန္တလေးတိုင်းဒေသကြီး ခရီးစဉ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)၌ ပါဝင်ဆန္ဒမဲပေး နေကြသည့် မဲဆန္ဒရှင်ပြည်သူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း၊ ထိုသို့ ကြည့်ရှုအားပေး ရာတွင် ပြည်သူလူထုမှ လွတ်လပ်စွာ မိမိတို့သဘောဆန္ဒများ အလျှောက် စည်းကမ်း ရှိပြီး နိုင်ငံကြီးသားပီသစွာ လိုလိုလားလားဖြင့် လာရောက် ဆန္ဒမဲပေးကြသည်ကို တွေ့ရမြင်ရကြောင်း၊ ထိုသို့ဆောင်ရွက်မှုများမှာ ပြည်သူလူထုမှ အစိုးရအပေါ် လိုလား လက်ခံသည့် အပြုအမူများဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
နိုင်ငံတကာစောင့်ကြည့်လေ့လာရေး အဖွဲ့များမှလည်း ယခုရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မဲရုံဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး သမာသမတ်ကျစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ဆောင်နိုင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက်များကို အသုံးပြုခဲ့သည့်အတွက် မဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်း စဉ်များကို ပိုမိုလျင်မြန်စေပြီး ပြည့်စုံမှန်ကန်သည့်ရလဒ်များ ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည့်စုံကောင်းမွန်သည့် လုံခြုံရေးဆောင်ရွက်ထားမှုများကြောင့် မဲဆန္ဒရှင်များ မဲရုံတာဝန်ထမ်းဆောင်သူများနှင့် အခြားသက်ဆိုင်သူများအားလုံး လုံခြုံ စိတ်ချစွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟု သဘောထား မှတ်ချက်များ ပြုခဲ့ကြသည်ကိုတွေ့ရှိရသဖြင့် လွတ်လပ်၍တရားမျှတသော ဂုဏ်သိက္ခာ ရှိသည့် ရွေးကောက်ပွဲဖြစ်သည်ကို တွေ့ရှိရကြောင်း။
မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား NCA သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအတွက် ယနေ့ အချိန်အထိ အရေးပါနေဆဲဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်လည်း လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာဖြင့်ထိတွေ့ဆက်ဆံပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည့်အတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အတွင်း ကောင်းမွန်သည့် ရလဒ်များနှင့် တိုးတက်အောင်မြင်မှုအခြေအနေများကို နိုင်ငံတကာမှသိရှိအောင် ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်းနှင့် တာဝန်ရှိသူများကလည်း မူဝါဒ၊ လမ်းညွှန်ချက်များ နှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ နှင့် ဒုစရိုက် လုပ်ငန်းများ ထပ်မံမပေါ်ပေါက်လာစေရေးတို့အတွက် အမြစ်ဖြတ် နှိမ်နင်းဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း သတင်းမီဒီယာ များမှ သတင်းထုတ်ပြန်ခြင်း၊ ရန်ကုန်မြို့အခြေစိုက်သံတမန်နှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များကို သတင်းစာရှင်းလင်းပွဲများကျင်းပ၍ ရှင်းလင်း ပြောကြားမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း နှင့် နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အမြစ်ပြတ်သည်အထိ ဆက်လက်ဖော်ထုတ်၍ ထိရောက်သည့် ပြစ်ဒဏ်များကိုလည်း ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုများ နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု များသည် နိုင်ငံတော်လုံခြုံရေး (National Security) ကို ခြိမ်းခြောက်နိုင်သည့် အတွက် ၎င်းကိစ္စရပ်များကို ထိရောက်စွာ တိုက်ဖျက်ခြင်းအားဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ အမြစ်ပြတ်သည်အထိထိရောက်စွာ တားဆီးကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
“နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အနာဂတ်စီးပွားရေးဝန်းကျင်တွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် ပိုမို အရေးပါလာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း နိုင်ငံ၏အခြေခံ အချက်အလက်များအပေါ်မူတည်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် သင့်သည်များကို ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးကြရန် တိုက်တွန်း ပြောကြားထားပြီး ဖြစ်၍ အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော် ဖွံဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ယခုထက်ပိုမို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုးစလုံး ပြည့်စုံအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝါးကိုအခြေခံသည့် တန်ဖိုးမြှင့်ပစ္စည်းများ၊ ပြည်တွင်းစားသုံး ဆီထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် ဆီထွက်သီးနှံဖြစ်သည့် နေကြာကိုလည်း ပိုမိုတိုးမြှင့်စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ စားရေးကို အထောက် အကူပြုစေသည့် အသားစားကြက်၊ ဥစားကြက်၊ ဘဲ၊ ငါး၊ ဝက်နှင့် နို့စားနွားမွေးမြူရေး လုပ်ငန်းများကို ပိုမိုတိုးချဲ့မွေးမြူသွားရန် လိုအပ်ကြောင်းနှင့် နွားမွေးမြူရေးကို မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဇီဝမြေဩဇာ များကို ရရှိနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ပညာရေးက ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင် င်း၊ ယခု အခါ အခြေခံပညာအလယ်တန်းအဆင့်(KG+9)ကို မသင်မနေရ အဆင့်သင ဆင့်သတ်မှတ်ပြီး ပညာရေးအဆင့်မြှင့်တင်နေပြီဖြစ်ကြောင်း၊ အခြေခံပညာအထက်င ာ်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်း နှင့်ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံသာမက က အလယ် တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံဗဟုသုတများ သင်ကြားပေး သွားမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ၌ အတန်းတင် စာမေးပွဲများ ကျင်းပတော့မည်ဖြစ်သည့်အတွက် အောင်မြင်စွာ ဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများကို တိုက်တွန်း အားပေး ဆောင်ရွက်ပေးကြစေလိုကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အခြေခံပညာရေး ဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မူလတန်း၊ အလယ် တန်း၊ အထက်တန်းအဆင့် ပညာရေးများမှ သင်ရိုးညွှန်းတမ်းများသည် အဆင့်မြင့် ပညာရေး ာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးစသည့် ပညာရပ်များကို ဆက်လက်သင်ယူ နိုင်ရန်အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ ကဲ့သို့သော သင်ကြားသင်ယူမှု ဘာသာစကားများကို မဖြစ်မနေ သင်ကြားပေးမှသာ အခြေခံကောင်းများကို လေ့ကျင့်ပျိုးထောင်ပေး နိုင်ရန် အထောက်အကူပြုရမည်ဖြစ်ကြောင်း။
ကျန်းမာရေးကဏ္ဍနှင့်စပ်လျဉ်း၍ (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားတွင်လည်း နိုင်ငံတော်အကြီးအကဲက “မိမိတို့ ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန် အတွက် အာဟာရဆိုင်ရာ သုတေသနများ၊ အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ သုတေသနများ၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်ပြုမူရေးနှင့် ပတ်သက်သည့် လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ အဆိုပါ သုတေသနတွေ့ရှိချက်များကို ပြည်သူလူထုအတွင်း ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှု ပညာပေးလုပ်ငန်း များကိုပါ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း”ကို လမ်းညွှန်မှာကြားခဲ့သဖြင့် လိုက်နာ အကောင်အထည်ဖော်ကြရန်လိုအပ်ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် လုပ်ငန်းစီမံကိန်းများအတွက် ဘဏ္ဍာငွေများကို စနစ်တကျ လျာထားတွက်ချက်ရန် လိုအပ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့ တာဝန်ယူ ဆောင်ရွက်ရသည့် ကဏ္ဍအလိုက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ အသုံးစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေအလွင့်မရှိအောင် သုံးစွဲကြရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်တစ်ဝန်း တည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ စားရေ ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်သာယာလှပရေးနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ယဉ်ကျေးမှု ထူထောင်နိုင်ရေးတို့ကို ပြည်သူလူထုနှင့် ပူးပေါင်း၍ တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများ အား ရှင်းလင်းဖတ်ကြားကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြ ကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြ ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
#MNP #News

No comments:
Post a Comment