ရိုဟင်ဂျာဆိုသည့်လူမျိုး မြန်မာပြည်မှာ တစ်ယောက်မှ မရှိသဖြင့် မသုံးနှုန်းခြင်းဖြစ်ကြောင်း အိုင်စီဂျေတရားရုံးတွင် ဦးကိုကိုလှိုင် တင်ပြ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရိုဟင်ဂျာဆိုသည့်လူမျိုး မြန်မာပြည်မှာ တစ်ယောက်မှ မရှိသဖြင့် မသုံးနှုန်းခြင်းဖြစ်ကြောင်း အိုင်စီဂျေတရားရုံးတွင် ဦးကိုကိုလှိုင် တင်ပြ


သည်ဟိတ်၊ ဇန်နဝါရီ ၁၆

မြန်မာပြည်တွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို အခြေခံ၍ ဂမ်ဘီယာနိုင်ငံက လူမျိုးလိမ် (ရိုဟင်ဂျာ)များကို လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်သည်ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် အမှုဖွင့် တရားစွဲဆိုထားသည့်အပေါ် မြန်မာနိုင်ငံက ဖြေရှင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ဂမ်ဘီယာ၏ တင်ပြမှုများအပေါ် မြန်မာနိုင်ငံက ပြန်လည်ချေပ ဖြေရှင်းရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် က ရိုဟင်ဂျာဆိုသည့် လူမျိုးတစ်ယောက်မှ မရှိသဖြင့် မြန်မာနိုင်ငံက အသုံးမပြုခြင်းဖြစ်ကြောင်း ချေပတင်ပြခဲ့သည်။

ဦးကိုကိုလှိုင် ၏ ခြေပတင်ပြချက်များကို ပြန်လည်ဘာသာပြန်ဆို၍ ဦးထိန်လင်း က ရှင်းပြရာတွင် "ဂမ်ဘီယာက အကူအညီယူတယ်ဆိုတဲ့ IGO/ INGO တွေကလည်း တကယ်တန်းကျတော့ တစ်ဖွဲ့တည်းမှာပဲ ထိုင်နေတာ ဖြစ်တဲ့အတွက် Third Party ကြားလွတ်လပ်တဲ့အဖွဲ့အစည်းတွေမဟုတ်တဲ့အတွက် IGO/ INGO တွေရဲ့ သက်သေဆိုတဲ့ အရာဟာလည်း သက်သေအရာမမြောက်သင့်ဘူးဆိုတာ ခုံအဖွဲ့က သတိထားမိစေချင်ပါတယ်။ သူတို့နဲ့အတူသာလျင် တစ်ဖွဲ့တည်းဖြစ်နေတယ်ဆိုတာကိုပါ။ နောက်တစ်ခုကလည်း မိမိတို့က ဂမ်ဘီယာက စွပ်စွဲ့အတိုင်း ရိုဟင်ဂျာဆိုတဲ့ အမည်မသုံးဘူးဆိုတာဟာ လူမျိုးတုန်း သတ်ဖြတ်ရန် ရည်ညွှန်တာမျိုး မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကို မြန်မာပြည်မှာ နေခွင့်ပေးခဲ့တာကြာပြီ။ သူတို့တွေဟာ NVC လို့ ခေါ်တဲ့ကတ် လျှောက်ထားခွင့် ရှိပါတယ်။ ပြီးတော့ သူတို့ကိုလည်း ၂၀၂၅ ရွေးကောက်ပွဲမှာပင်လျင် မဲပေးခွင့် ပေးထားပါတယ်။ ရခိုင်ပြည်နယ်မှာချည်းပဲ ဘင်္ဂါလီ ၅သောင်းကျော် ဆန္ဒမဲပေးပိုင်ခွင့် ရှိတာ ရှိပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် ၁၅၀၀၉၄ ဦး အထိ ရှိပါတယ်။ NVC ကတ် ဖြစ်စေ၊ နိုင်ငံသားကတ်နဲ့ ပတ်သက်တဲ့ ၃ကတ်လုံး တစ်ကတ် ပါရင် ရတယ်ဆိုတာ။ ဒါကြောင့်မို့လို့ သူတို့ကို နိုင်ငံသားအခွင့်အရေးမပေးဘူးဆိုတဲ့ဟာကို အခုလို ထောက်ပြပြီး ဖြေရှင်းချင်ပါတယ်။ အထူးသဖြင့် ဂမ်ဘီယာရဲ့ တင်ပြချက်တွေဟာ အထင်အမြင် အယူအဆတွေကို သက်သေအဖြစ်နဲ့ မယူဘဲနဲ့ အထူးသဖြင့် ခုံရုံးအနေနဲ့လည်း တင်ပြလာတဲ့ ကိစ္စတွေမှာ အသေးစိတ်အထိ ဖော်ညွှန်းနိုင်တဲ့ အနေအထားထိကို စုံစမ်းစစ်ဆေး အတည်ပြုပြီးမှသာ သုံးသပ်စီရင်ဖို့ ဖြစ်သင့်ပါတယ်။ အယူအဆ အတွေးအခေါ် ဆက်စပ်ပြောဆိုလာတဲ့ အမြင်တွေကို အခြေပြုပြီးတော့ ခုံရုံးက ဆုံးဖြတ်တာ မဖြစ်စေလိုပါဘူး။ မြန်မာပြည်မှာ နှစ်ကြိမ်တိုင်တိုင် အကြီးအကျယ် ရွှေ့ပြောင်းမှုတွေဖြစ်ခဲ့တာ ဟုတ်ပါတယ်။ ပြီးတဲ့အခါမှာလည်း ပြန်လည်လက်ခံရေးအစီအစဉ်တွေကို နိုင်ငံတကာ အထူးသဖြင့် UN ရဲ့ အကူအညီ အထောက်အပံ့တွေကိုပါ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ၂၀၂၂ မှာဆိုရင်လည်း ကပ်ရောဂါ၊ ၂၀၂၃ မှာဆိုရင်လည်း မိုခါမုန်တိုင်း အစရှိတာတွေကြောင့် လုပ်ငန်းစဉ်များ ကြန့်ကြာခဲ့တာ ရှိပါတယ်။ ဒါပေမယ့် လက်ခံဖို့ကို ပျက်ကွယ်ခဲ့တယ်ဆိုတာ မရှိပါဘူး။ ဒီဘင်္ဂါလီတွေအနေနဲ့ အစောက ပြောခဲ့တဲ့ NVC ကတ်နဲ့ ပတ်သက်လို့ ထပ်ပြောရရင် သူတို့ဟာ အများစုက မလျှောက်ကြပါဘူး။ ဘာကြောင့်မလျှောက်လဲဆိုတော့ လျှောက်လို့မရဘူးဆိုတဲ့ သတင်းအမှားတွေ၊ လျှောက်လိုက်လဲ နိုင်ငံသားဖြစ်မှာမဟုတ်ဘူးဆိုတဲ့ သတင်းအမှားတွေ ဒီလိုအနေအထားကြောင့်လို့ သိထားရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ခွင့်ပြုပေးထားပါတယ်။ အားလုံကိုလည်း သူ့ရဲ့အဆင့်အတိုင်း လုပ်မယ်ဆိုရင် NVC ကတ် ရတယ်ဆိုတာ ပြောခဲ့တဲ့အတိုင်း တစ်သိန်းငါးသောင်းကျော် ဘင်္ဂါလီ ရှိပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အမည်တစ်ခုနဲ့ မခေါ်ဖို့ ရိုဟင်ဂျာဆိုတဲ့ နာမည် မခေါ်နိုင်ဘူးဆိုတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ ဒီလို မခေါ်နိုင်တဲ့အကြောင်းအရင်းတွေကြောင့် မခေါ်တာပဲ ဖြစ်ပါတယ်။ ဒီလူမျိုး၊ ဒီလူဦးရေလည်း မရှိသည့်အတွက် ဒီနာမည်ကို နိုင်ငံအစိုးရအနေနဲ့ မသုံးတာဖြစ်ပါတယ်။" ဟု ဆွေးနွေးတင်ပြထားသည်ကို သိရသည်။

ဆက်လက်၍ IIMM ဆိုသည့်အဖွဲ့၏ စုံစမ်းစစ်ဆေးမှုများမှာ မမှန်ကန်သည့် အခြေအနေများဖြစ်သောကြောင့် ၎င်းတို့၏ Report ကို သက်သေအဖြစ် မယူရန်လည်း တင်ပြခဲ့သည်ကို သိရသည်။


#MNP #News  

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)