နေပြည်တော် ၊ ဇန်နဝါရီ ၁၉
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့်အတူ လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် စားအုန်းဆီများရောင်းချပေး နေမှုများအားကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာအုပ်စု၊ ရွေဟင်္သာကျေးရွာ၊ ကွင်းအမှတ် ၁၈၅၁(က)၊ တောင်သူဒေါ်ဆိုးတင်၏ လယ်မြေတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မြေချဉ်ငန်ကိန်းတိုင်းတာခြင်းနှင့် မြေနမူနာရယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာသက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံများအထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာစစ်ဆေးခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရေး၊ သဘာဝမြေဩဇာများ၊ ဓာတ်မြေဩဇာများကို အပြည့်အဝအချိုးကျအသုံးပြုခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကို မှန်ကန်စွာ လိုက်နာကျင့်သုံးခြင်းများကို ပူးပေါင်းဆောင်ရွက်ရန်၊ စမ်းသပ်ရရှိသည့်အဖြေအရ မိမိမြေအမျိုးစားအလိုက် ဖြည့်စွက်ရမည့် မြေဩဇာအား ထိထိရောက်ရောက် သုံးစွဲသာမြေဆီလွှာ အရည်အသွေးတိုးတက်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ကံသာကျေးရွာဓမ္မာရုံတွင် လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့်အပ်ချုပ်စက် သင်တန်းသို့ရောက်ရှိကာ သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။ အဆိုပါအဆင့်မြင့် အပ်ချုပ်စက်သင်တန်းအား ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ သင်ကြားပို့ချမည်ဖြစ်ပြီး ကံသာ၊ သာယာစု၊ သဲဖြူ၊ အောက်ချိုင်းကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ဝင်တဲကူးကျေးရွာတွင် လျှပ်စစ်မီးရရှိရေး ၁၀၀KVA ဗို့အား ထရန်စဖော်မာတပ်ဆင်ပြီးစီးမှုအား သွားရောက်ကြည့်ရှုကာ ကျေးရွာသူကျေးရွာသားများ နှင့်တွေ့ဆုံ၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment