မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

 



မူဆယ်  ၊ ဇန်နဝါရီ ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ မိမိလုပ်ဆောင်ရမည့် လုပ်ငန်းနယ်ပယ်တွင် အဆင်ပြေချောမွေ့စေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မူဆယ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်နှင့် မူဆယ်ခရိုင် ရုံးဝန်ထမ်းများ၊ မူဆယ်ခရိုင်ရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်၊ ၂၀၂၅ ခုနှစ် စာအုပ်အား အလှည့်ကျဖတ်ရှုပြီး ဝန်ထမ်းများ အပြန်အလှန် ဆွေးနွေးကြသည်။

အဆိုပါစာဖတ်ဝိုင်းများကို စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်၊ DLMS အသုံးပြုနည်းလက်စွဲ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ/နည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲ၊ စံတန်ဖိုးများ၊ ဝန်ထမ်းကျင့်ဝတ်စသည့် စာအုပ်များကို ရုံးဖွင့်သည့်နေ့ နံနက်တိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ဝန်ထမ်းများက အလှည့်ကျ ဖတ်ရှုဆွေးနွေးကြကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)