Pages

Pages

ICJ သွား ကိုယ်စားလှယ်များကို ကြိုဆိုထောက်ခံပွဲ ဇန်နဝါရီ (၂၇) ရက်တွင် ကျင်းပမည်ဟုဆို


ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာအတွက် သွားရောက်ရပ်တည်ရင်ဆိုင်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေမှန်များ လူမျိုးလိမ်ဖန်တီးသုံးစွဲမှု အခြေအနေများကို ကမ္ဘာက သိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထောက်ခံဂုဏ်ပြုပွဲကို ရန်ကုန်မြို့တွင် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ကျင်းပရန် စီစဉ်နေကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)၏ ဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဓမ္မက မိန့်ကြားသည်။

ဆရာတော် ဦးဉာဏဓမ္မ က "ဒီလ ၂၇ ရက်နေ့ကို လုပ်ဖို့ ရာထားတယ်။ ရွေးကောက်ပွဲ အပိုင်း(၃)ကလည်း ရှိနေသေးတော့ ရက်ခွါပြီး လုပ်ရတဲ့ သဘောပါ။ ဇန်နဝါရီလ (၂၇) ရက်နေ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံဂုဏ်ပြုပွဲပေါ့။ ဂမ်ဘီယာဘက်က မလိုလားအပ်တဲ့ တင်ပြမှုတွေကိုလည်း ကန့်ကွက်ရှုတ်ချမယ်ပေါ့။ ဟောပြောမယ့်သူတွေ ရာထားတာလည်း ရှိပါတယ်။ ဖိတ်ခေါ်သင့်တဲ့သူတွေကို ဖိတ်ခေါ်ဖို့ လုပ်နေပါတယ်။" ဟု မိန့်ကြားသည်။


#MNP #News

No comments:

Post a Comment