နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်၊ အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မမှူးကြီး Lieutenant General AS Pendharkar၊ AVSM၊ YSM ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များအား တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်၊ အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မမှူးကြီး Lieutenant General AS Pendharkar၊ AVSM၊ YSM ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များအား တွေ့ဆုံ



နေပြည်တော်၊ ဇန်နဝါရီ ၁၆

အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အခမ်း အနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ပြုလုပ်ရာ နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း နှင့်ဇနီး တက်ရောက်သည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း နှင့်အဖွဲ့ဝင်များသည် အဆိုပါအခမ်းအနား ကျင်းပသည့်နေရာသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E.Mr. Abhay Thakur ၊ အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူး Lieutenant General AS Pendharkar, AVSM, YSM အိန္ဒိယနိုင်ငံစစ်သံမှူး၊ ရေတပ်စစ်သံမှူးနှင့် ၎င်းတို့၏ဇနီးတို့က ရင်းရင်းနှီးနှီး ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ တော်သီချင်းတို့ဖြင့် အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈) နှစ်မြောက်တပ်မတော်နေ့ အခမ်း အနားကို စတင်ဖွင့်လှစ်သည်။ ယင်းနောက် (၇၈)နှစ်မြောက် အိန္ဒိယတပ်မတော်နေ့ အထိမ်းအမှတ် Video clip ကိုပြသပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Jaswinder Singh Gill က အိန္ဒိယ-မြန်မာ ကာကွယ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူး တို့က ဂုဏ်ပြု နှုတ်ခွန်းဆက် စကားများ အသီးသီးပြောကြားကြသည်။

ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ အမှတ်(၃) မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ အိန္ဒိယတပ်မတော်၊ တပ်မကြီးမှူးတို့က အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်း အမှတ်ကိတ်ကို လှီးဖြတ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကာ လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီးက တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာ နိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ထို့ပြင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း သည် § (2) :: Lieutenant General AS Pendharkar, AVSM, YSM ဦးဆောင်သော အဖွဲ့ဝင်များအား ယနေ့ညနေပိုင်းတွင် အဆိုပါ ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မူးယစ် ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေ များ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက် ခိုင်မာအောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့် အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူးနှင့်အတူ အိန္ဒိယတပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Jaswinder Singh Gill တို့ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)