Pages

Pages

မြစ်သားမြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် Installation ပြုလုပ်ခြင်းသင်တန်းဖွင့်လှစ်




မြစ်သား ၊  ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ကျောက်ဆည်ခရိုင် နည်းပညာ အထောက်အကူပြုအဖွဲ့မှ နည်းပြဆရာများက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် Installation ပြုလုပ်ခြင်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြစ်သားမြို့ အနော်ရထာခန်းမ၌ သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နှင့် ၂ တို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် အခက်အခဲများကို လွယ်ကူစွာဖြေရှင်းနိုင်ရန်ရည်ရွယ်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖိုးနှင့် ကျောက်ဆည်ခရိုင် နည်းပညာထောက်အကူပြုအဖွဲ့မှ သင်တန်းနည်းပြ ဆရာများက ဇန်နဝါရီလ  ၁၆ ရက်‌နေ့တွင် အုပ်စုအလိုက် အသုတ် ၂ သုတ်ခွဲ၍ မဲရုံမှူး၊ ဒုမဲရုံမှူး ၃၅၀ ဦးတို့ကို လက်တွေ့သင်ကြားပို့ချ‌ပေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)

https://t.me/MyanmarNationalPost

No comments:

Post a Comment