ဇလွန် ၊ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဟင်္သာတခရိုင်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်ဖြင့် ဇလွန်မြို့နယ် ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွဲ့စည်းထားရှိသော မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များ၊ မဲရုံတွင်တာဝန်ထမ်းဆောင်ကြမည့်မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များအား တပ်ဆင်ခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့အားက စားခန်းမတွင် ပြုလုပ်ခဲ့သည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ နည်းပညာ အထောက်အကူပြု ဆင့်ပွားသင်တန်းတွင် နည်းပညာဆရာ ဗိုလ်ကြီးဖြိုးနေပိုင်က မဲပေးစက်၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်လုပ်ငန်းစဉ်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာအခက်အခဲဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီဖြေရှင်း ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) တပ်ဆင်အသုံးပြုပုံကို ရှင်းလင်းပြသခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့အား အဖွဲ့များခွဲ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုလက်တွေ့တပ်ဆင်အသုံးပြုခဲ့ကြသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များအား တပ်ဆင်ခြင်း ဆင့်ပွားသင်တန်းတွင် ဇလွန်မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းကို ယနေ့မှ (၁၆.၁.၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသည်။
ဝေယံ-ဇလွန်
https://t.me/MyanmarNationalPost

No comments:
Post a Comment