ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ စီစဉ်နိုင်ခဲ့ကြောင်း ဘယ်လာယာရုစ်ပါတီ ဥက္ကဋ္ဌ Ms. Volha N.Chamadanova ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ စီစဉ်နိုင်ခဲ့ကြောင်း ဘယ်လာယာရုစ်ပါတီ ဥက္ကဋ္ဌ Ms. Volha N.Chamadanova ပြောကြား

 


နေပြည်တော် ဇန်နဝါရီ ၂၆

Ms. Volha N.Chamadanova၊ ဥက္ကဋ္ဌ၊ ဘယ်လာယာရုစ်ပါတီ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ -

အဖွဲ့ဝင်ငါးဦးပါဝင်တဲ့ ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲတတိယအဆင့် လေ့လာစောင့်ကြည့်ဖို့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။ ရွေးကောက်ပွဲ တတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့် ရွေးကောက်ပွဲနေ့အတွက် ပြင်ဆင်ထားမှုများဟာ အလွန်တရာစနစ်တကျရှိပြီး လုံခြုံမှုရှိခြင်းကို ကျွန်မတို့အနေနဲ့ ချီးကျူးဂုဏ်ပြုလိုပါတယ်။ ရွေးကောက်ပွဲတတိယအဆင့်မှာ ကျွန်မတို့ကိုယ်စား လှယ်အဖွဲ့အား ကောင်းမွန်စွာဧည့်ခံမှုနှင့် စီစဉ်ပေးမှုအတွက် နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အားလည်း ကျေးဇူးတင်ရှိပါတယ်။

တတိယအဆင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ စီစဉ်နိုင်ခဲ့ကြောင်းလည်း ကျွန်မတို့သတိပြုမိပါတယ်။ လုပ်ငန်းစဉ်အားလုံးဟာ ပွင့်လင်းမြင်သာမှုရှိပြီး ရွေးကောက်ပွဲမှာ ပြည်သူများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာများဖြန့်ဝေပြီးဖြစ်လို့ တက်ကြွစွာ ပါဝင်ခဲ့ကြတာကို တွေ့ရှိရပါတယ်။ မဲရုံများရဲ့ ပြင်ဆင်မှု အဆင့်တိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေစံချိန်စံနှုန်းများနှင့် ကိုက်ညီတာကိုတွေ့ရပါတယ်။ ကျွန်မတို့ရဲ့ ဘယ်လာရုစ် ကိုယ်စားလှယ်အဖွဲ့အပေါ် ယခုလိုအလေးအနက် ဖိတ်ကြားမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားကို ၂၆-၁-၂၀၂၆ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)