ညောင်လေးပင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကုန်တင် မော်တော်ယာဉ် တစ်စီးအား ဖျက်ဆီး၍ ကားလမ်းမကြီးအား နှောင့်ယှက်ပိတ်ဆို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်လေးပင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကုန်တင် မော်တော်ယာဉ် တစ်စီးအား ဖျက်ဆီး၍ ကားလမ်းမကြီးအား နှောင့်ယှက်ပိတ်ဆို့


ပဲခူး၊ ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် နံနက် ၃ နာရီတွင် ကုန်တင်မော်တော်ယာဉ် တစ်စီးအား ကန့်လန့်ဖြတ်ပိတ်ရပ်ထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁ နာရီတွင် ကျောက်တံခါး မြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ တပင်ရွှေထီးရပ်ကွက်နေ ဦးစန်းလွင်ဦး(၅၃)နှစ်သည် ဇနီးဖြစ်သူ ဒေါ်လှလှဝင်း (၃၃)နှစ်၊ သားဖြစ်သူ မောင်အောင်မင်းခန့်(၁၃)နှစ်တို့နှင့်အတူ ရန်ကုန်မြို့မှ မန္တလေးမြို့ဘက်သို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ၂၂ ဘီး ကုန်တင်မော်တော်ယာဉ်အား မောင်းနှင်လာစဉ် ပိန်းဇလုပ်မြို့ဝင်/ထွက်တိုးဂိတ် အရှေ့တောင်ဘက် ခြောက်ဖာလုံခန့်အကွာ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၉၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ လမ်းမပေါ်၌ ကန့်လန့်ဖြတ်ရပ်ခိုင်းထားပြီး မော်တော်ယာဉ်၏ လေပိုက်ကြိုးများအား ဖျက်ဆီး၍ လမ်းအရှေ့ဘက်ရှိ လယ်ကွင်းဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် နံနက် ၈ နာရီတွင် လမ်းပိတ်ဆို့ထားမှုအား ဖယ်ရှားရှင်းလင်းခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် မော်တော်ယာဉ် တစ်စီးအား ဖျက်ဆီး၍ လမ်းမကြီးများအား နှောင့်ယှက်ပိတ်ဆို့ထားခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)