Pages

Pages

မင်းဘူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သံဃာတော် တစ်ပါး၊ အထက်တန်းပြကျောင်းဆရာမ တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးတို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်


မင်းဘူး၊ ဇန်နဝါရီ ၁၅

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများကို အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှု များအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် ညနေ ၄ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းတောကြီးကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမား ၃၀ ဦးခန့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ ဒေါ်အေးအေးစိုး(၄၅)နှစ်၊ ကိုင်းတောကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ အထက်တန်းပြကျောင်းဆရာမ ဒေါ်မြင့်မြင့်ကြည်(၄၆)နှစ်နှင့် ကျေးရွာရှိ နန္ဒာရုံဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးပီယသေန သက်တော်(၄၈)နှစ်၊ ဝါတော် (၂၈)ဝါတို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ သံဃာတော် တစ်ပါး၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦးအား အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူများအား ပြန်လည် ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment