Pages

Pages

၂နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပေမဲ့ အီရန် - အမေရိကန် ဆွေးနွေးပွဲတွေ ဆက်လုပ်နေ


ဖေဖော်ဝါရီ - ၁၇ ( အင်္ဂါနေ့ ) 

အ‌ရှေ့အလယ်ပိုင်း ဒေသတွင်း၌ အမေရိကန်က စစ်ရေးအနေအထားကို မြှင့်တင်နေပေမဲ့လည်း  အီရန်နှင့် အမေရိကန်တို့ က အီရန်နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် စီစဉ်ထားပြီး ကြောင်းအီရန်ဘက်က ကြေညာခဲ့ပါတယ် ။ 

ဒီကနေ့ ဂျီနီဗာတွင် ကျင်းပနေတဲ့ စေ့စပ်ညှိနှိုင်းမှုသည် နှစ်ဖက်စလုံးက “ကောင်းသောအစ” လို့  ဖော်ပြခဲ့တဲ့ အိုမန်တွင် ကနဦးတွေ့ဆုံမှုအပြီး ယခုလတွင် ဒုတိယအကျော့ အဆက်အသွယ်ကို ပြန်လုပ်ဖြစ်တာပါ။  

အဆင့်မြင့်သံတမန်နှင့် နည်းပညာဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိခဲ့သော အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ဂဟချီ က "တရားမျှတပြီး သာတူညီမျှသော သဘောတူညီချက်တစ်ခုရရှိရန် ဖြစ်လာနိုင်မှာပါ" လို့ အိတ်စ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ "စားပွဲပေါ်၌ မပါသောအရာတွေကတော့  ခြိမ်းခြောက်မှုတွေဖြစ်ပြီး အဲ့ဒါတွေကို မဖြစ်အောင် လုပ်နိုင်မှာပါ” လို့ ရေးခဲ့ပါတယ်။  

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ပထမသက်တမ်းအတွင်း ၂၀၁၅ သဘောတူညီချက် (JCPOA) မှ တစ်ဖက်သတ်နုတ်ထွက်ပြီး ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ပြီးနောက် အီရန်နျူကလီးယားသဘောတူညီချက်အသစ်ကို လက်ခံရန် ဝါရှင်တန်က ကြိုးပမ်းနေပါတယ်။ 

တီဟီရန်က ၎င်း၏နျူကလီးယားအစီအစဉ်ကို ငြိမ်းချမ်းစွာထိန်းသိမ်းထားတယ်လို့ ဆိုပေမဲ့ သည်ဟု နျူကလီးယားလက်နက်များ တီထွင်ဖန်တီးမှုအား အမေရိကန်က သဘောတူမည်မဟုတ်ကြောင်း ပြောကြားထားပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က တီဟီရန်နှင့် နားလည်မှု တစ်စုံတစ်ရာ ရရှိရန် ခက်ခဲလိမ့်မယ်လို့ မနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ထရမ့်ဘက်ကတော့ အီရန်မှာ အစိုးရအပြောင်းအလဲဖြစ်ရင် ဆွေးနွေးမှုတွေက ပိုကောင်း လာနိုင်တယ်လို့ ဆိုပါတယ်။ ရုရှားဘက်ကတော့ လက်ရှိအနေအထားက ပေါက်ကွဲသွားနိုင်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့အတွက် တိုက်တွန်းထားပါတယ်။ 


REF: RT 

#MNP #News

No comments:

Post a Comment