Pages

Pages

မြောက်ဥက္ကလာပမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စု‌နေ့အလံတင်အခမ်းအနားနှင့်သဝဏ်လွှာ ဖတ်ပွဲကျင်းပ






မြောက်ဥက္ကလာပ၊ ဖေဖော်ဝါရီ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များနှင့် ရဲဘော်များအား အလေးပြုခြင်းများကိုဆောင်ရွက်ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတ၊  နိုင်ငံတော်လုံခြုံရေးနှင့်‌အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၆ ခုနှစ်  (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးမိုးသူက ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့  မြို့နယ်စီမံ‌‌ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မိုးသူ ၊မြို့နယ်စီမံ‌‌ခန့်ခွဲရေးနှ င့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်  ဗိုလ်မှူးဖြိုးဝေလင်း၊  မြို့နယ်စီမံ‌‌ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်း ရေးမှူး ယာယီရဲမှူး မျိုးအောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ၊မိခင်နှင့်ကလေးအသင်းဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  စုစုပေါင်း အင်အား (၁၀၀)ခန့်တက်ရောက်ခဲ့ကြပြီး  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ်ရုံးမှ ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။  


သက်လွင်စိုး

#MNP #News 

No comments:

Post a Comment