Pages

Pages

ပေါင်မြို့နယ်(အထက) ဇင်းကျိုက်‌ကျောင်း၌ ဒဿမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ



ပေါင်  ၊ ဖေ‌ဖော်ဝါရီ ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အထက) ဇင်းကျိုက်ကျောင်း၌ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဒဿမအကြိမ်မြောက်  မြတ်ဆရာပူဇော်ပွဲအား ကျင်းပခဲ့သည်။

ရှေးဦးစွာ (အထက)ဇင်းကျိုက် ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့က အာစရိယဂုဏော အန‌န္တော တေးသီချင်းနှင့် မြတ်ဆရာ‌တေးသီချင်းတို့ဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက်ပူဇော်ခံ ဆရာကြီး၊ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်ပေးခြင်း၊ ဆရာကြီး၊ ဆရာမကြီးများကလည်း ဩဝါဒစကားများမြွက်ကြားခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အပူဇော်ခံ အငြိမ်းစား ဆရာကြီး ဆရာမကြီး (၁၀၀) ဦးတို့အား တစ်ဦးလျှင် ငွေကျပ်ငါးသိန်းနှင့် လက်ဆောင်ပစ္စည်းများ ထည့်သွင်းကန်တော့ခဲ့ကြောင်း သိရသည်။

မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment