Pages

Pages

တာမွေမြို့နယ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ်လေးလုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်





တာမွေ၊ ဖေဖော်ဝါရီ  ၁၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် စက်မှု(၁)လမ်း အမှတ်(၁၁၁)၊ အကျယ်အဝန်း (၂၀×၃၀)ပေ အုတ်ညှပ်နှစ်ထပ် နေအိမ်အဆောက်အအုံ၏ အကျယ်အဝန်း (၉×၃၀)ပေ အပေါ်ထပ် ညာဘက်အခန်း၌ မီးပူတိုက်၍ မီးပူခလုတ်နှင့် မီးပလပ်မဖြုတ်ဘဲထားခဲ့ရာမှ မီးပူ၏ အရှိန်ကြောင့် အဝတ်အစားများ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှု ယမန်နေ့ည(၈)နာရီ (၄၂)မိနစ်အချိန်ခန့်က ‌ဖြစ်ပွားခဲ့ပြီး လူနေအိမ်လေးလုံးနှင့် အိမ်အတွင်းပစ္စည်းများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၁၃)စီး၊ ရေသယ်ယာဉ်(၁၂)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၁)ဦးတို့ဖြင့် ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ ယမန်နေ့ည(၉)နာရီ (၉)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် (၂၀×၃၀)ပေ အုတ်ညှပ်နှစ်ထပ် နေအိမ်(အဟောင်း)တစ်လုံး၊ (၃၀×၂၀)ပေ ပျဉ်ထောင်နှစ်ထပ် နေအိမ်(အဟောင်း)တစ်လုံး၊ (၂၀×၃၀)ပေ ပျဉ်ထောင်တစ်ထပ် နေအိမ်(အဟောင်း)တစ်လုံး၊ (၁၂×၅၀)ပေ ပျဉ်ထောင်တစ်ထပ် နေအိမ်(အဟောင်း) တစ်လုံးနှင့် အိမ်အတွင်းပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အိမ်ငှား ဦးသက်ထွန်း(ခ)သီဟအား တာမွေမြို့မရဲစခန်းမှ (ပ) ၁၀၂ / ၂၀၂၆ / ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#MNP #News 

No comments:

Post a Comment