Pages

Pages

ဂျာမန် နိုင်ငံရေးသမားတွေနဲ့ စစ်တပ်က ကိုယ်ပိုင် နျူ့လက်နက် ပိုင်ဆိုင်ခွင့်ကို စိတ်ဝင်စားနေကြပြီ


ဖေဖော်ဝါရီ - ၁၄ ( စနေနေ့ ) 

နျူကလီးယားလက်နက်ရရှိရေး အယူအဆသည် ဂျာမန်နိုင်ငံရေးသမားများနှင့် စစ်တပ်အတွက် တားမြစ်စရာမဟုတ်တော့ကြောင်း ဘာလင်မြို့ဆိုင်ရာ ရုရှားသံတမန် ဆာဂျီနီချာ့ဗ်က ပြောကြားပြီး ကြီးထွားလာသော ဆွေးနွေးမှုများကို အလွန်အမင်း အလေးထားကြောင်း ပြောကြားခဲ့ပါတယ်။ 

ဘာလင်သည် ရုရှားရဲ့ခြိမ်းခြောက်မှုကို ကိုးကားပြီး လာမည့်လေးနှစ်အတွင်း ကာကွယ်ရေးအတွက် ကန်ဒေါ်လာ ၅၈၂ ဘီလီယံသုံးစွဲရန် ကြီးမားသော စစ်ရေးတည်ဆောက်မှု လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။ 

ဂျာမန်အရာရှိများက ၂၀၂၉ တွင် ရုရှားက ဂျာမနီနိုင်ငံကို ကျူးကျော်နိုင်ချေရှိတဲ့ စွပ်စွဲချက် နဲ့ ဖြစ်နိုင်ချေရှိသော ပဋိပက္ခများအတွက် လက်နက်ကိုင်တပ်ဖွဲ့များကို တိုးချဲ့ဖို့ လုပ်နေပါတယ်။ ရုရှားဘက်ကတော့ ဖြစ်နိုင်ချေမရှိတဲ့ စွပ်စွဲမှုတွေ ဆိုပြီး ငြင်းထားပါတယ်။ 

"ဂျာမနီရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်မှုဆိုင်ရာ ခေါင်းစဉ်ဟာ တားမြစ်ပိတ်ပင်မှုတစ်ခုအဖြစ် ရပ်တန့်နေပြီး မီဒီယာတွေကနေ ဆွေးနွေးမှုတွေ ပိုများလာနေပြီး နိုင်ငံရေးသမားတွေ၊ ပါလီမန်အမတ်တွေ၊ စစ်ဘက်အရာရှိတွေနဲ့ ကျွမ်းကျင်သူတွေကြားမှာ ထောက်ခံသူတွေ ပိုများလာနေပါတယ်" လို့ သံအမတ်ကြီးက သောကြာနေ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

မော်စကိုကတော့ အစောပိုင်းတွင် ဂျာမနီရဲ့ ကြီးထွားလာသော စစ်အင်အားပြမှုနှင့် ရုရှားဆန့်ကျင်ရေး စကားလုံးများကို စိုးရိမ်ဖွယ်လို့ သက်မှတ်ခဲ့ပါတယ်။ ၂၀၂၅ စက်တင်ဘာလတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်  ဂျာမနီက "စစ်ရေးသက်သက်မဟုတ်ဘဲ နာဇီတွေရဲ့ ထင်ရှားသော လက္ခဏာများ ရှိနေတယ်” လို့ ပြောထားတာရှိပါတယ်။ 

၁၉၉၀ ခုနှစ်တွင် ဘာလင် ပြန်လည်ပေါင်းစည်းခွင့်ပြုခဲ့တဲ့ Two Plus Four Treaty အရ ဂျာမနီကို ကိုယ်ပိုင်နျူကလီးယားလက်နက်များ တီထွင်ထုတ်လုပ်ခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် ရယူခြင်းတို့ကို အတိအလင်း တားမြစ်ထားပါတယ်။ ဒါပေမဲ့ နေတိုးရဲ့ နျူကလီးယားခွဲဝေရေး အစီအစဉ်များအရ ဂျာမနီမှာ အမေရိကန်နျူကလီးယားလက်နက် ဒါဇင်များစွာကို လက်ခံထားတာရှိပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment