Pages

Pages

ဂျပန်က အမျိုးသားထောက်လှမ်းရေးဗျူရိုတစ်ခုလုပ်ဖို့ စီစဉ်နေ




ဖေဖော်ဝါရီ - ၁၄ ( စနေနေ့ ) 

ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချီ  ရဲ့ အစီအစဉ်တစိတ်တပိုင်းအနေနဲ့ အမျိုးသားထောက်လှမ်းရေး မဟာဗျူဟာကို ရေးဆွဲဖို့ စဉ်းစားနေတယ်လို့ အစိုးရအဖွဲ့အတွင်းဝန်ချုပ် မီနိုရူ ကီဟာရာ က ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။

"ဂျပန်ကို ကဏ္ဍပေါင်းစုံမှာ အားကောင်းပြီး သာယာဝပြောအောင်လုပ်ဖို့၊ အစိုးရအတွက် လုံလောက်တဲ့ သတင်းအချက်အလက်တွေ စုဆောင်းဖို့၊ ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာပြီး တိကျတဲ့ ဆုံးဖြတ်ချက်တွေချဖို့ အရေးကြီးပါတယ်" လို့ ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ 

"အမျိုးသားထောက်လှမ်းရေးမဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် မည်သည့်အတိုင်းအတာအထိ ထိရောက်မှုရှိမည်ကို ကျွန်ုပ်တို့ စစ်ဆေးနေပါတယ်"လို့ လည်း ဆိုပါတယ်။   လုပ်ငန်းစဉ်များကို သုတေသနလုပ်ပြီးတာနဲ့ အဲ့ဒါက  ထောက်လှမ်းရေးအတွက် ရည်စူးထားသော ဂျပန်နိုင်ငံရဲ့  ပထမဆုံးသော အမျိုးသားဗျူဟာဖြစ်သွားမှာပါ။ 

နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒအတွက် လက်ရှိ ထိပ်တန်းအဆင့် လမ်းညွှန်ချက်ဖြစ်သည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာတွင် ဂျပန်နိုင်ငံသည် ၎င်း၏ သတင်းအချက်အလက် စုဆောင်းနိုင်မှုနှင့် သတင်းအချက်အလက် ခွဲခြမ်းစိတ်ဖြာနိုင်မှုတို့ကို သိသိသာသာ တိုးမြှင့်ပေးမယ်လို့ ဖော်ပြထားပါတယ်။ 

အစိုးရတာဝန်ရှိသူများ၏ အဆိုအရ အမျိုးသားလုံခြုံရေးမဟာဗျူဟာမှ သက်ဆိုင်ရာကဏ္ဍကို သီးခြားခွဲထုတ်ရန် အစီအစဉ်ရှိပြီး ထောက်လှမ်းရေးမူဝါဒနှင့် ဆက်စပ်အဖွဲ့အစည်းများအတွက် အစီအစဉ်များကို ရှင်းလင်းသည့် သီးခြားလွတ်လပ်သောပုံစံတစ်ခု ဖန်တီးရန် အစီအစဉ်ရှိနေပါတယ်။ 

လာမယ့် ဗုဒ္ဓဟူးနေ့တွင်ကျင်းပမည့် လွှတ်တော် အထူးအစည်းအဝေးတွင် အမျိုးသားထောက်လှမ်းရေးဗျူရိုတစ်ခု တည်ထောင်ရန် အစိုးရက ဥပဒေတင်သွင်းရန် စီစဉ်နေတယ်လို့ သိရပါတယ်။ 


REF: The Nation

#MNP #News 

No comments:

Post a Comment