Pages

Pages

မိုးကောင်းမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြှင့်မားရေးအတွက် Face to face နှင့် Zoom Link ဖြင့်သင်ကြား




မိုးကောင်း   ၊ ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြှင့်မာရေးအတွက် Face to face နှင့် Zoom Link ဖြင့် သင်ကြားခြင်းကို ဖေဖော်ဝါရီ (၁၈)ရက် နံနက်(၉)နာရီတွင် ပြုလုပ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ Grade-12 အောင်ချက်မြှင့်မားရေးဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးတွင် ပထမရရှိရေးနှင့် ဂုဏ်ထူးအများဆုံးရရှိနိုင်ရေးဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါအောင်ချက်မြှင့်မားရေး Face to face နှင့် Zoom Link သင်ကြားရာတွင် ဖေဖော်ဝါရီ(၁၈) ရက်မှ (၂၀)ရက်အတွင်း နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီခွဲအထိ တစ်ဘာသာသင်ကြား ချိန်(၁)နာရီခွဲနှုန်းဖြင့် တက္ကသိုလ်ပါမောက္ခများက ဘာသာရပ်အလိုက် အသီးသီးသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment