ချင်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး ဟားခါးပြည်သူ့ဆေးရုံကြီး ကုတင် (၃၀၀)ဆံ့တွင် ဆိုလာစနစ် 150 KW တစ်စုံနှင့် 50 KW (၂) စုံ တပ်ဆင်ခြင်းလုပ်ငန်းအတွက် ဆိုလာနှင့်ဆက်စပ်လျှပ်စစ်ပစ္စည်းများ ရောက်ရှိမှုအခြေအနေနှင့် တပ်ဆင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး ဟားခါးပြည်သူ့ဆေးရုံကြီး ကုတင် (၃၀၀)ဆံ့တွင် ဆိုလာစနစ် 150 KW တစ်စုံနှင့် 50 KW (၂) စုံ တပ်ဆင်ခြင်းလုပ်ငန်းအတွက် ဆိုလာနှင့်ဆက်စပ်လျှပ်စစ်ပစ္စည်းများ ရောက်ရှိမှုအခြေအနေနှင့် တပ်ဆင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး


ဟားခါး၊ မတ် ၄

ချင်းပြည်နယ်၊ ဟားခါးမြို့ ကုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆိုလာစနစ် 150 KW တစ်စုံနှင့် 50 KW ( ၂ ) စုံ တပ်ဆင်ခြင်းလုပ်ငန်းအတွက် ဆိုလာနှင့် ဆက်စပ်လျှပ်စစ်ပစ္စည်းများ ရောက်ရှိမှုအခြေအနေနှင့် တပ်ဆင်မှုအခြေအနေများကို မတ်လ ၄ ရက် နံနက်ပိုင်းက ချင်းပြည်နယ် အစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချမ်းငြိမ်းမောင်၊ အရည်အသွေးစစ်ဆေးးရေးကော်မတီဝင်များနှင့်လုပ်ငန်းလုပ်ကိုင်ခွင့်ရကုမ္ပဏီများမှတာဝန်ရှိသူများက ဆိုလာနှင့်ဆက်စပ်လျှပ်စစ်ပစ္စည်း များရောက်ရှိနေမှု၊ ဆိုလာများ တပ်ဆင်ပြီးစီးမှုအခြေအနေ၊ ဆက်လက်တပ်ဆင်ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအ နေနှင့် တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း အထွေထွေပိုလျှံရန်ပုံငွေ ( GRF ) ကျပ် ၁၄၇၂ ဒသမ ၂၁၂ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဟားခါးပြည်သူ့ဆေးရုံးကြီး ကုတင် ( ၃၀၀ ) ဆံ့ ခွဲစိတ်ခန်း ၊ ( ၃ ) ထပ်ဆောင် (ခွဲစိတ်၊ အရိုး၊ သားဖွားမီးယပ်၊ ဓာတ်ခွဲ ) ၊ ပြင်ပလူနာဌာနဆောင်နှင့် Oxygen Plant ( အသေး) များ ဓာတ်အားပေးရန် 150 KW တစ်စုံ၊ ဖျားနာဆောင်၊ ကလေးဆောင်နှင့် တိုးချဲ့ထပ်လူနာဆောင်များ ဓာတ်အားပေး ရန် 50 KW တစ်စုံနှင့် CT ခန်း ၊ X-Ray ခန်း ၊ ဆေးစတိုနှင့် ဆေးရုံအုပ်ကြီးရုံး ဓာတ်အားပေးရန် 50 KW တစ်စုံ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)