Pages

Pages

အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် တိုက်ခိုက်မှုများတွင် ပါဝင်နေသည့် နိုင်ငံများအနေဖြင့် ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် မြန်မာနိုင်ငံက တိုက်တွန်း


နေပြည်တော်၊ မတ် ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန က အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို ယနေ့ ထုတ်ပြန်ထားပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်းထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို အခြေခံပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် သံတမန်ရေး ကြိုးပမ်းမှုသည်သာ ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် တိုက်ခိုက်မှုများတွင် ပါဝင်နေသည့် နိုင်ငံများအနေဖြင့် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစား လိုက်နာရန် လိုအပ်ပြီး ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။


#News

No comments:

Post a Comment