ရမည်းသင်း၊ မတ် ၁၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာနအလိုက် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
ရမည်းသင်းမြို့နယ်အနေဖြင့် စာစစ်ဌာန(၇)ခုဖွင့်လှစ်ထားရှိပြီး မြန်မာစာဘာသာရပ်တွင်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ကျောင်းသား (၉၂၁)ဦး၊ ကျောင်းသူ (၁၃၈၄)ဦး၊ စုစုပေါင်းဖြေဆိုသူ(၂၃၀၅)ဦး၊ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား (၇၃)ဦး၊ ကျောင်းသူ (၂၃)ဦး၊ ဖြေဆိုသူ ၉၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနအနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဟိန်းပြည့်ဇော်
#News #MNP



No comments:
Post a Comment