Pages

Pages

ဂျပန်က အီရန်နဲ့ အစ္စရေးမှာရှိတဲ့ ဂျပန်နိုင်ငံသားတွေကို ရွှေ့ပြောင်းပေးဖို့ ကြိုးစားနေ



မတ် - ၆ ( သောကြာနေ့ ) 

အီရန်ကို အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ လေယာဉ်များ စေလွှတ်ရန် ပြင်ဆင်မှုများ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒေသတွင်း အခြေအနေများကို အကဲဖြတ်ကာ မျှော်မှန်းထားတဲ့ မစ်ရှင်အတွက် သီးခြားလမ်းကြောင်းများကို ထည့်သွင်းစဉ်းစားကာ ရွှေ့ပြောင်းရန် ညှိနှိုင်းမှုများ စတင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ က ကြာသပတေးနေ့ (မတ်လ ၅ ရက်) တွင် လူမှုမီဒီယာပို့စ်တစ်ခု၌ ပြောကြားခဲ့ပါတယ်။ 

ဂျပန်အစိုးရက အစ္စရေးမှာရှိတဲ့ ဂျပန်လူမျိုးငါးဦးကို အိမ်နီးချင်းဂျော်ဒန်နိုင်ငံသို့ လည်းကောင်း၊ အီရန်နိုင်ငံရှိ ဂျပန်နိုင်ငံသား ၂ ဦးကို အိမ်နီးချင်း အဇာဘိုင်ဂျန်သို့လည်းကောင်း တနင်္လာနေ့က ကုန်းကြောင်းဖြင့် ရွှေ့ပြောင်းခဲ့ရတယ်လို့  ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့ပါတယ်။ "ဂျပန်နိုင်ငံသားတွေကြား ရွှေ့ပြောင်းဖို့ လိုအပ်ချက်တွေကို ကျနော်တို့ ရှာဖွေနေပါတယ်" လို့ ဂျပန်စစ်တပ်က အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ လက်ရှိတွင် ဂျပန် နိုင်ငံသား ၁၀၀၀ ခန့်သည် အစ္စရေးတွင် ရှိနေပြီး ၂၀၀ ခန့်မှာ အီရန်တွင် ရှိနေပါတယ်။ 

ကယ်ဆယ်ရေး လေယာဉ်တွေ စေလွှတ်မလားဆိုတာ ကျနော်တို့ မဆုံးဖြတ်ရသေးဘူးလို့ ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် မီနိုရူ ကီဟာရာ က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ "ဂျပန်နိုင်ငံသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ပြင်ဆင်မှုတွေ အပါအဝင် ဖြစ်နိုင်သမျှ အစီအမံအားလုံးကို လုပ်ဆောင်သွားမှာပါ" လို့ ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။ 


REF: The Nation

#News

No comments:

Post a Comment