ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



ရန်ကုန်  ၊ မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေ အနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ်ရေလှောင်တမံတွင် ရေသိုလှောင်ထားရှိမှု၊ ရေသိုလှောင်နိုင်မှုနှင့် ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမွေးမြူရေးဇုန်အတွင်း ပိုင်ရှင်ဦးကဲ၏ အကွက်အမှတ် B 9 ရှိ ခြံတွင် ဘဲအကောင်ရေ (၅၀၀၀)၊ အကွက်အမှတ် B 11 ရှိခြံတွင် ဒေသနွားအကောင်ရေ (၆၂) ကောင်နှင့် အကွက်အမှတ် B 12 ရှိခြံတွင် ဒေသနွားအကောင်ရေ (၇၂) ကောင်မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ National Wood နွားမွေးမြူရေးခြံတွင် ဒေသနွားအကောင်ရေ (၂၃၉) ကောင်၊ နေဗီယာမြက်မျိုးများ၊ တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှုနှင့် ကောက်ရိုးထုံးများ ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ပိုင်ရှင်ဦးမင်းမင်း၏ အကွက်အမှတ် B 3 ရှိခြံတွင် ဒေသနွားအကောင်ရေ (၂၀၀)၊ ဆိတ်အကောင်ရေ (၁၇၅) ကောင်၊ နေဗီယာမြက်မျိုးများနှင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများအားလည်းကောင်း၊ Good Brother နွားမွေးမြူရေးခြံတွင် ဒေသနွားအကောင်ရေ (၈၈) ကောင် မွေးမြူထားရှိမှုအခြေအနေအားလည်းကောင်း၊ သာယာကုန်းကုမ္ပဏီလီမိတက်မှ အသားတိုးကြက်အကောင်ရေ (၂၃၀၀၀) မွေးမြူထားရှိမှုနှင့် မွေးမြူရေးခြံများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ မြတ်မင်းကုမ္ပဏီလီမိတက်မှ အသားတိုးဝက်အကောင်ရေ (၁၀၀၀) မွေးမြူထားရှိမှုနှင့် မွေးမြူရေးခြံများဆောက်လုပ်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ SUPER SEVEN STARS AGRI-TECHCO.,LTD မှ ကြက်မွေးမြူနိုင်ရေးမွေးမြူရေးခြံများ တည်ဆောက်နေသည့် အခြေအနေနှင့် မွေးမြူရေးခြံများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် တိုးချဲ့မွေးမြူကြရန်နှင့် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးကြရန် စသည်တို့ကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန်အတွင်းသို့ မော်တော်ယာဉ်ဖြင့် လုပ်ကွက်အလိုက် မွေးမြူရေးဆောင်ရွက်ထားရှိမှု၊ နေဗီယာမြက်မျိုးများနှင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)