Pages

Pages

သူလိုလူ ဇမ္ဗူမှာရှား


 

သူလိုလူ ဇမ္ဗူမှာရှား


အတိုက်အခံ ခေါင်းဆောင်မဟုတ်ဘဲ

တိုက်ခိုက်ခံနေရသူ။

အမုန်းတရား ဖြန့်ဝေသူတွေနဲ့

အဖျက်သမားတွေ ပေါများတဲ့ကာလ

အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် 

တည်ဆောက်ရေးကို ရှေးရှုသူ။

နိုင်ငံတကာနှင့် မြန်မာ

အားသာချက် အားနည်းချက်ကို အဖြေရှာ

စိုက်ပျိုးထုတ်ကုန်များမှသည်

စက်မှုထုတ်ကုန်အဆင့်ထိ

မြှင့်တင်ရန် လမ်းပြသူ။

လမ်းမှားကို ရောက်နေတဲ့ လူငယ်တွေ

အမြင်မှန်ရကြပါစေ 

အမုန်းတရားတွေကို ပယ်ဖျောက်

လမ်းမှန်ကို လျှောက်

ဥပဒေဘောင်အတွင်း ဝင်ရောက်ရန်

ကမ်းလင့်လမ်းဖွင့် ကြိုဆိုသူ။

ဒီမိုကရေစီနှင့်

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး

ထာဝရငြိမ်းချမ်းရေးသည် အဓိက

ငြိမ်းချမ်းရေးတံခါးကို 

အစဉ်အမြဲဖွင့် ကြိုဆိုနေသူ။

နိုင်ငံတော်အတွင်း တရားမျှတခြင်း၊ 

လွတ်လပ်ခြင်းနှင့် ညီမျှခြင်း

လောကပါလတရားထွန်းကား၍

ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို

လျှောက်လှမ်းလိုသူ။

စည်းလုံးခြင်းသည် အင်အား၊ 

ညီညွတ်ခြင်းသည် စွမ်းအား၊ 

ငြိမ်းချမ်းခြင်းသည် အလှတရား၊

ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ

ရင်းနှီးချစ်ကြည်မှု၊ 

အပြန်အလှန်နားလည်မှု၊ 

ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် 

လက်တွဲကြိုးပမ်း

ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် 

ပြည်ထောင်စုနိုင်ငံတော်ကြီးကို 

တည်ဆောက်နိုင်ရန် ဦးဆောင်သူ။

သူလိုလူ ဇမ္ဗူမှာရှား

ပြည်သူများရဲ့ စုပေါင်းအားနဲ့

တွဲလက်ညီညီ ရှေ့သို့ချီ

ပြည်ထောင်စုမြန်မာပြည်

အေးချမ်း သာယာ တိုးတက်စေရမည်။  ။


နောင်တော်လေး (ဘိုကလေး)

#News #MNP

No comments:

Post a Comment