Pages

Pages

အီရန်ဒုံးတွေကြောင့် ပျက်စီးသွားတဲ့ပုံတွေ လိုင်းပေါ်တင်ရင် ဖမ်းမယ်လို့ ဒူဘိုင်းအာဏာပိုင်တွေ ခြိမ်းခြောက်

 


မတ် - ၆ ( သောကြာနေ့ ) 

ဒူဘိုင်းအာဏာပိုင်များက အီရန်ဒုံးကျည်များနဲ့ ဒရုန်းတွေကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဖော်ပြတဲ့ အွန်လိုင်း အင်ဖလူရန်ဇာ( နာမည်ကြီးဆယ်လီ) တွေကို ဒဏ်ငွေ ကြီးကြီးမားမားချမှတ်ခြင်း ဒါမှမဟုတ် ထောင်ဒဏ်ချမှတ်ခြင်းတွေကို လုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

ယူအေအီးအပါအဝင် အိမ်နီးချင်းနိုင်ငံများက အရပ်ဘက်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်း မလုပ်ဘူးလို့ အီရန်ဘက်က ငြင်းထားပါတယ်။ အီရန်စစ်တပ်က အမေရိကန်နှင့် အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကိုသာ တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ 

ဒူဘိုင်းက သူ့မြို့က အလှအပတွေကို တင်ဆက်နေတဲ့ ကမ္ဘာတစ်ဝှမ်းက အွန်လိုင်း နာမည်ကြီးဆယ်လီတွေကို ဆွဲဆောင်ဖို့အတွက် ဗီဇာရွှေရောင်လက်မှတ်ကို ထုတ်ပေးထားပါတယ်။ ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင်၊ ဒူဘိုင်းက အာဏာပိုင်များသည် “လူထုစည်းလုံးညီညွတ်မှု” နှင့် “အမျိုးသားစည်းလုံးညီညွတ်ရေးကို အန္တရာယ်ဖြစ်စေတယ်လို့ ယူဆရတဲ့ ဘယ်ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို အွန်လိုင်းပေါ်မတင်ရန်အတွက် လူများကို သတိပေးခဲ့ပါတယ်။  စည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်ပါက ဒဏ်ငွေ ကန်ဒေါ်လာ ၈သောင်း နီးပါးနဲ့ ထောင်ဒဏ် ကျခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒူဘိုင်းတွင်နေထိုင်တဲ့ အမည်မဖော်လိုတဲ့ အွန်လိုင်း အင်ဖလူရန်ဇာ တစ်ဦးကတော့ ဒေသတွင်းအာဏာပိုင်များက “ဇာတ်ကြောင်းကို ထိန်းချုပ်လိုသည်မှာ သေချာတယ်” လို့ တယ်လီဂရပ် သတင်းဌာနသို့  ပြောကြားခဲ့ပါတယ်။ “ဒီမှာက စည်းကမ်းတွေ တင်းကျပ်တယ်”လို့လည်း  သူမက ဆက်ပြောပါတယ်။ 

အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် နာရီပိုင်း အကြာ စနေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် - ယူအေအီး အစိုးရရှေ့နေရုံးက “ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှတစ်ဆင့် အမည်မသိရင်းမြစ်များမှ ကောလာဟလများနှင့် အချက်အလက်များကို ဖြန့်ဝေခြင်း မလုပ်ရဘူး” လို့ သတိပေးခဲ့ပါတယ်။ 


REF: RT 

#News

No comments:

Post a Comment